Thursday, May 2, 2024
HomeEntertainmentမိဘတွေကြောင့် ပေါင်းစပ်ဖို့ဖြစ်လာခဲ့တဲ့ မိသားစုနှစ်စုကြားက အလွဲလေးတွေကို ကြည့်ရှုရမဲ့ 'နွေးထွေးသော အိမ်ကလေး'

မိဘတွေကြောင့် ပေါင်းစပ်ဖို့ဖြစ်လာခဲ့တဲ့ မိသားစုနှစ်စုကြားက အလွဲလေးတွေကို ကြည့်ရှုရမဲ့ ‘နွေးထွေးသော အိမ်ကလေး’

‘နွေးထွေးသော အိမ်ကလေး’ ဆိုတဲ့ မိသားစု၊ အချစ်ဟာသဒရာမာ ဇာတ်လမ်းတွဲလေးကို Yeo Myung Jae က ဇာတ်ညွှန်းရေးသားပြီး ဒါရိုက်တာ Kim Jung Gyu က ရိုက်ကူးပုံဖော်ထားကာ Choi Jung Woo, Park Joon Geum, Wang Ji Hye, Ham Eun Jung, Joo Ah Reum, Ryu Jin နဲ့ အခြားသရုပ်ဆောင်များစွာက ပါဝင်ထားကြတာ ဖြစ်ပါတယ်။

Viu.com

အသက် 70 အရွယ် ခေါင်းမာတတ်တဲ့ တစ်ကိုယ်တည်းဖခင်နဲ့ အသက် 60 အရွယ် မိခင်တစ်ဦးတို့ တစ်ဖန်ချစ်မိသွားခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့မိသားစုနှစ်စုဟာ မတူညီတဲ့ယဉ်ကျေးမှုနောက်ခံမှ ဆင်းသက်လာကြသူတွေဖြစ်တာကြောင့် မိဘနှစ်ယောက်လက်ထပ်လိုက်တဲ့အချိန်မှာတော့ သူတို့ရဲ့သားသမီးတွေရဲ့ ရန်ပွဲဟာစတင်လာခဲ့ပါတော့တယ်။

Viu.com

မတူညီတဲ့မိသားစုနှစ်စု ပေါင်းစပ်မှုကနေ ဖြစ်ပေါ်လာတဲ့ ရန်ပွဲတွေ၊ ငြင်းခုံမှုတွေကြား နားလည်မှုနဲ့ သဟဇာတဖြစ်မှုတို့ကိုတည်ဆောက်ရင်း စစ်မှန်တဲ့မိသားစုဖြစ်ခြင်းရဲ့ အဓိပ္ပါယ်ကိုရှာဖွေကြမှာ ဖြစ်ပါတယ်။ မတူညီတဲ့မိသားစုနှစ်စု ပေါင်းစပ်ဖို့က ဖြစ်နိုင်ပါ့မလား၊ ငြိမ်းချမ်းစွာစည်းလုံးပြီး ပျော်ရွှင်ဖွယ်မိသားစုလေးကို တည်ဆောက်သွားနိုင်မှာလားဆိုတာကို ကြည့်ရှုရမဲ့ ဇာတ်လမ်းတွဲကောင်းလေးတစ်ခုပဲ ဖြစ်ပါတယ်။ ‘နွေးထွေးသော အိမ်ကလေး’ မိသားစုဒရာမာ ဇာတ်လမ်းတွဲလေးကို https://www.viu.com/ott/mm/mya တွင် ကြည့်ရှုနိုင်ပါတယ်။

RELATED ARTICLES
- Advertisment -

Most Popular

Discover more from SHWEMOM | Knowledge is Power

Subscribe now to keep reading and get access to the full archive.

Continue reading