Thursday, May 2, 2024
HomeEntertainmentရှုပ်ထွေးတဲ့လူသတ်မှုအကြောင်း စုံစမ်းဖော်ထုတ်ရင်း ခင်ပွန်းဖြစ်သူရဲ့သရုပ်မှန်ကိုပါ သိလာခဲ့ရတဲ့ စုံထောက်တစ်ဦးရဲ့ဇာတ်လမ်း 'အတိတ်ရဲ့နတ်ဆိုး'

ရှုပ်ထွေးတဲ့လူသတ်မှုအကြောင်း စုံစမ်းဖော်ထုတ်ရင်း ခင်ပွန်းဖြစ်သူရဲ့သရုပ်မှန်ကိုပါ သိလာခဲ့ရတဲ့ စုံထောက်တစ်ဦးရဲ့ဇာတ်လမ်း ‘အတိတ်ရဲ့နတ်ဆိုး’

ကိုရီးယားဒရာမာ ‘Flower of Evil’ ကို ပြန်လည်အခြေခံ ရိုက်ကူးထားတာဖြစ်ပြီး ‘အတိတ်ရဲ့နတ်ဆိုး’ ဖိလစ်ပိုင် ဒရာမာစီးရီးဟာ  မင်းသား Piolo Pascual နဲ့ မင်းသမီး Lovi Poe တို့က အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ လျှို့ဝှက်ဆန်းကြယ်၊ သည်းထိတ်ရင်ဖို၊ မှုခင်း၊ မယ်လိုဒရာမာ အမျိုးအစားဖြစ်ပါတယ်။ ဒါ့အပြင် အခြားသရုပ်ဆောင်တွေအနေနဲ့ Agot Isidro, Rita Avila, Denise Laurel, Joross Gamboa, Joem Bascon နဲ့ သရုပ်ဆောင်များစွာက ပါဝင်အားဖြည့်ထားကြတာပါ။

viu.com

ဇာတ်လမ်းပုံစံက Jacob ဟာ သူ့ရဲ့ဇနီး Iris မသိအောင် သူ့ရဲ့အတိတ်နဲ့ သရုပ်မှန်ကိုဖုံးကွယ်ထားသူဖြစ်ပြီး သူ့ရဲ့ဇနီးဟာ စုံထောက်တစ်ယောက်ဖြစ်ပါတယ်။ အပေါ်ယံတွင်တော့ သူတို့စုံတွဲဟာ ချစ်စရာကောင်းတဲ့ ဇနီးမောင်နှံဖြစ်ကာ လှပတဲ့ ခြောက်နှစ်အရွယ်သမီးလေးနဲ့အတူ ပြီးပြည့်စုံတဲ့မိသားစုတစ်စု ဖြစ်ပုံရပါတယ်။ ဒါပေမဲ့ Iris နဲ့ သူမရဲ့လုပ်ဖော်ကိုင်ဖက်တွေက ရှုပ်ထွေးတဲ့လူသတ်မှုတွေအကြောင်း စတင်စုံစမ်းဖို့ဖြစ်လာတဲ့အခါမှာတော့ သူမရဲ့ချစ်လှစွာသောခင်ပွန်းက သူမမသိအောင် တစ်စုံတစ်ခုကိုဖုံးကွယ်ထားကြောင်း အမှန်တရားကို သိလာရတာပါ။

viu.com

ခင်ပွန်းဖြစ်သူ Jacob က Iris အပေါ် ဘာတွေဖုံးကွယ်ထားခဲ့တာလဲ၊ သူမဘဝရဲ့ အနီးကပ်ဆုံးသူဆီမှာ ဘယ်လိုလျှို့ဝှက်ချက်တွေ ရှိနေခဲ့တာလဲ၊ ဒီလူသတ်မှုတွေနဲ့ရော Jacob က ဆက်စပ်မှုရှိနေခဲ့တာလားဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမဲ့ ဖိလစ်ပိုင်ဒရာမာ ဇာတ်လမ်းတွဲကောင်းတစ်ခု ဖြစ်ပါတယ်။ ‘အတိတ်ရဲ့နတ်ဆိုး’ သည်းထိတ်ရင်ဖို၊ မှုခင်းဒရာမာဇာတ်လမ်းတွဲကို https://www.viu.com/ott/mm/mya တွင် ဝင်ရောက်ကြည့်ရှုခံစားနိုင်ပါတယ်။

RELATED ARTICLES
- Advertisment -

Most Popular

Discover more from SHWEMOM | Knowledge is Power

Subscribe now to keep reading and get access to the full archive.

Continue reading