Thursday, May 2, 2024
HomeEntertainmentလက်ကြောမတင်းတဲ့ သူဌေးသားနဲ့ ယောက်ျားလေးဟန်ဆောင်ထားတဲ့ မိန်းကလေးတို့ကြားက လှပတဲ့အချစ်ဇာတ်လမ်းလေး 'ကော်ဖီမင်းသားလေး'

လက်ကြောမတင်းတဲ့ သူဌေးသားနဲ့ ယောက်ျားလေးဟန်ဆောင်ထားတဲ့ မိန်းကလေးတို့ကြားက လှပတဲ့အချစ်ဇာတ်လမ်းလေး ‘ကော်ဖီမင်းသားလေး’

Choi Han Gyul ဟာ အောင်မြင်တဲ့ကော်ဖီလုပ်ငန်းကို ပိုင်ဆိုင်တဲ့ Bang of Dong-in Foods ကုမ္ပဏီ ဥက္ကဋ္ဌရဲ့ မြေးဖြစ်ပါတယ်။ သူဟာ ဘယ်တော့မှ အလုပ်မလုပ်သလို တာဝန်တွေကိုလည်း ဂရုမစိုက်တတ်တဲ့ သူတစ်ယောက်ပါ။ Han Gyul က သူ့ကိုသူငယ်ချင်းအဖြစ်သာမြင်နေတဲ့ Han Yoo Joo ကို သဘောကျနေခဲ့တာဖြစ်ပြီး သူမက သူ့ရဲ့အချစ်ဦးဖြစ်ပါတယ်။

Viu.com

Go Eun Chan ဟာ ယောက်ျားလေးအဖြစ် မကြာခဏအထင်မှားခံနေရတဲ့ အသက် 24 နှစ်အရွယ် tomboy တစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့ဖခင်ဟာ သူမ အသက် 16 နှစ်အရွယ်တွင် ကွယ်လွန်သွားခဲ့တာကြောင့် အဲဒီအချိန်ကနေစပြီး သူမက သူမရဲ့မိသားစုအတွက်ငွေရှာကာ ထောက်ပံ့ပေးနေခဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ Han Gyul ဟာ Eun Chan ကို မိန်းကလေးမှန်းမသိဘဲ သူ့အဖွားစီစဉ်တဲ့ ကြင်ဖက်တွေ့ဆုံမှုတွေကနေ လွတ်ကင်းနိုင်ရန်အတွက် သူမကိုသူ့ရဲ့ လိင်တူချစ်သူအဖြစ် ငှားရမ်းဖို့ဆုံးဖြတ်ခဲ့တာပါ။

Viu.com

အဲဒီနောက်မှာတော့ Han Gyul ဟာ သူ့အဖွားနဲ့ Yoo Joo တို့ကို သူအရည်အချင်းရှိကြောင်း ပြသရန်အတွက် ကော်ဖီဆိုင်အဟောင်းကို ‘Coffee Prince’ ဟုအမည်ပြောင်းပြီး လွှဲပြောင်းယူခဲ့ပါတယ်။ အမျိုးသမီးဖောက်သည်တွေကို ဆွဲဆောင်နိုင်ရန်အတွက် ရုပ်ရည်ချောမောတဲ့ အမျိုးသားဝန်ထမ်းတွေကို ငှားရမ်းခဲ့ပြီး ပိုက်ဆံရှာဖို့စိတ်အားထက်သန်နေခဲ့တဲ့ Eun Chan ကတော့ ‘Coffee Prince’ တွင် အလုပ်ရနိုင်ဖို့ သူမမိန်းကလေးဖြစ်တယ်ဆိုတာကို ဆက်လက်ဖုံးကွယ်ထားခဲ့တာပါ။

‘ကော်ဖီမင်းသားလေး’ အချစ်ဟာသဒရာမာ ဇာတ်လမ်းတွဲတွင် မင်းသား Gon Yoo, Lee Sun Kyun, Kim Chang Wan, Kim Dong Wook, မင်းသမီး Yoon Eun Hye, Chae Jung An နဲ့ အခြားသရုပ်ဆောင်များစွာက ပါဝင်ထားကြပြီး ဒါရိုက်တာ Lee Yoon Jung က ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေကြားထဲမှာ ဒီကနေ့ထိတိုင်အောင် နာမည်ကြီးလူကြိုက်များနေဆဲဖြစ်တဲ့ ‘ကော်ဖီမင်းသားလေး’ ဒရာမာဇာတ်လမ်းတွဲလေးကို ပြန်လည်ကြည့်ရှုချင်တယ်ဆိုရင်တော့ https://www.viu.com/ott/mm/mya တွင် ကြည့်ရှုခံစားနိုင်ပါတယ်။

RELATED ARTICLES
- Advertisment -

Most Popular

Discover more from SHWEMOM | Knowledge is Power

Subscribe now to keep reading and get access to the full archive.

Continue reading