Thursday, May 2, 2024
HomeEntertainmentလူနာတွေရဲ့အသက်ကို အကောင်းဆုံးကယ်တင်ပေးသွားကြမဲ့ ပါရမီရှင်ဆရာဝန်တွေအကြောင်း ရိုက်ကူးထားတဲ့ 'ဒေါက်တာဂျွန်'

လူနာတွေရဲ့အသက်ကို အကောင်းဆုံးကယ်တင်ပေးသွားကြမဲ့ ပါရမီရှင်ဆရာဝန်တွေအကြောင်း ရိုက်ကူးထားတဲ့ ‘ဒေါက်တာဂျွန်’

‘ဒေါက်တာဂျွန်’ ကိုရီးယားဒရာမာ ဇာတ်လမ်းတွဲဟာ Kim Ji Woon က ဇာတ်ညွှန်းရေးသားပြီး ဒါရိုက်တာ Jo Soo Won နဲ့ Kim Young Hwan တို့က ရိုက်ကူးပုံဖော်ထားတဲ့ လျှို့ဝှက်ဆန်းကြယ် ဆေးဘက်ဆိုင်ရာ အချစ်ဒရာမာဇာတ်လမ်းတွဲတစ်ခု ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲတွင် Ji Sung, Lee Se Young, Lee Kyu Hyung, Hwang Hee, Jung Min Ah, Kwon Hwa Woon နဲ့ အခြားသရုပ်ဆောင်များစွာက ပါဝင်ထားကြပါတယ်။

Viu.com

‘ဒေါက်တာဂျွန်’ ဟာ နာကျင်မှုကို စီမံခန့်ခွဲရတဲ့ အထူးကုဆရာဝန်တွေကို အဓိကထားရိုက်ပြထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ဆရာဝန်တွေက သူတို့လူနာတွေရဲ့ နာကျင်မှုဝေဒနာ ရင်းမြစ်ကိုရှာဖွေကာ ထူးထူးခြားခြား ကုသမှုပြုလုပ်ပေးတတ်တာပါ။ ထင်ရှားကျော်ကြားတဲ့ မေ့ဆေးဆရာဝန်နဲ့ ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းမှ အသက်အငယ်ဆုံး ပါမောက္ခတစ်ဦးဖြစ်တဲ့ Cha Yo Han ဟာ လူနာနဲ့တိုင်ပင်ဆွေးနွေးပြီး ဆယ်စက္ကန့်အတွင်း လူနာရဲ့ရောဂါကို ထူးခြားစွာ ရှာဖွေတွေ့ရှိနိုင်တဲ့သူဖြစ်တာကြောင့် ’10 Seconds’ ဟု လူသိများတာဖြစ်ပါတယ်။

image source: SBS

တစ်ဖက်မှာတော့ Kang Shi Young ဟာ ကျော်ကြားတဲ့ မေ့ဆေးဆရာဝန်တစ်ဦးဖြစ်ပြီး ဆေးကျောင်းတွင် သူမအတန်းရဲ့နံပါတ်တစ်နေရာကို အမြဲတမ်းသိမ်းပိုက်ထားသူလည်း ဖြစ်ပါတယ်။ သူမရဲ့ထူးခြားတဲ့ အရည်အချင်းတွေက မိဘတွေဆီကနေ အမွေဆက်ခံထားတာဖြစ်ပြီး သူမရဲ့မိခင်ဆီကနေတော့ သနားကြင်နာတတ်မှု၊ ဂရုစိုက်တတ်မှုတို့ကို ရယူထားပြီး လူနာအပေါ် နွေးထွေးစိတ်ရှည်စွာ ဆက်ဆံတတ်မှုက ဖခင်ဆီကနေ ရရှိထားတာပဲ ဖြစ်ပါတယ်။ ဒီလိုထူးချွန်တဲ့ ဆရာဝန်နှစ်ယောက်က သူတို့ရဲ့လူနာတွေကို ကုသပေးနိုင်ဖို့ အကောင်းဆုံးကြိုးစားကြပုံနဲ့ သူတို့နှစ်ယောက်ကြား ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ကြည့်ရှုရမှာပါ။ ‘ဒေါက်တာဂျွန်’ ဒရာမာဇာတ်လမ်းတွဲကို https://www.viu.com/ott/mm/mya တွင် ကြည့်ရှုခံစားနိုင်ပါတယ်။

RELATED ARTICLES
- Advertisment -

Most Popular

Discover more from SHWEMOM | Knowledge is Power

Subscribe now to keep reading and get access to the full archive.

Continue reading