Thursday, May 2, 2024
HomeEntertainmentအောက်ခြေကနေ ကြိုးစားသွားကြမဲ့ လူခြောက်ယောက်အကြောင်း ရိုက်ကူးထားတဲ့ 'ဇွဲမလျှော့စတမ်း'

အောက်ခြေကနေ ကြိုးစားသွားကြမဲ့ လူခြောက်ယောက်အကြောင်း ရိုက်ကူးထားတဲ့ ‘ဇွဲမလျှော့စတမ်း’

‘ဇွဲမလျှော့စတမ်း’ တရုတ်ဒရာမာစီးရီးဟာ သဘာဝလွန် အချစ်ဟာသဒရာမာ အမျိုးအစားဖြစ်ပြီး Lu Xuan က ဇာတ်ညွှန်းရေးသားထားကာ ဒါရိုက်တာ Jeffrey Chiang နဲ့ Qi Xiao Hui တို့က ရိုက်ကူးပုံဖော်ထားကြတာ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ Mao Xiao Tong, Eric Wang, Zhang Rui Han, Yin Zheng, Chen Yedda, Zhang Ling Zi နဲ့ အခြားသရုပ်ဆောင်များစွာက ပါဝင်သရုပ်ဆောင်ထားကြတာပါ။

Viu.com

Bei Li Li ဟာ ပြဿနာရှာရန်မရည်ရွယ်ဘဲ သူမရဲ့လုပ်ဖော်ကိုင်ဖက်လေးဦးရဲ့ အလုပ်တွေမှာ ဆိုးရွားတဲ့အခြေအနေကို ဖန်တီးမိခဲ့တာဖြစ်ပါတယ်။ သူမရဲ့မန်နေဂျာ Qiao Yi Qiao က သူတို့ကိုကူညီပေးခဲ့ပြီး ကုမ္ပဏီသစ်တစ်ခုဖွင့်ဖို့ကို ခြေလှမ်းစလိုက်ပါတယ်။ သူတို့ဟာ စုတ်ပြတ်သပ်နေတဲ့ လေးထပ်တိုက်တစ်လုံးကို ငှားရမ်းလိုက်ကြပြီးနောက်မှာတော့ ရိုးရှင်းတဲ့စိတ်ထားရှိတဲ့ Yang Wei နဲ့ တွေ့ဆုံခဲ့ကြပါတယ်။

Viu.com

ထူးခြားတဲ့အကျင့်စရိုက် ခြောက်မျိုးပေါင်းစပ်ထားတဲ့ ဒီလုပ်ငန်းခွင်တွင် သူတို့ရဲ့အသက်မွေးဝမ်းကြောင်းအလုပ်ကို တည်မြဲစေဖို့ အတူတကွလုပ်ဆောင်ကြရင်း ရယ်စရာကောင်းတဲ့ အလွဲလေးတွေနဲ့ အခိုက်အတန့်လေးတွေကို ဖြစ်ပေါ်လာစေခဲ့တာပါ။ သူတို့တကယ်ပဲ ဒီလုပ်ငန်းကို အောင်မြင်အောင် လုပ်ဆောင်နိုင်ပါ့မလား။ ‘ဇွဲမလျှော့စတမ်း’ တရုတ်ဒရာမာစီးရီးကို https://www.viu.com/ott/mm/mya တွင် ကြည့်ရှုနိုင်ပါတယ်။

RELATED ARTICLES
- Advertisment -

Most Popular

Discover more from SHWEMOM | Knowledge is Power

Subscribe now to keep reading and get access to the full archive.

Continue reading