Thursday, May 2, 2024
HomeEntertainmentမတရားအသတ်ခံရခြင်းအတွက် တစ်ဖန်ပြန်လည်ရှင်သန်ကာလက်စားချေမှုကိုကြည့်ရမယ့် "Reborn Rich"

မတရားအသတ်ခံရခြင်းအတွက် တစ်ဖန်ပြန်လည်ရှင်သန်ကာလက်စားချေမှုကိုကြည့်ရမယ့် “Reborn Rich”

မနေ့ကမှ အသစ်ထွက်ရှိလာတဲ့ ကိုးရီးယားဇာတ်လမ်းတွဲ Reborn Rich တွင် မင်းသား Song Joong-ki, Lee Sung-min နဲ့ မင်းသမီး Shin Hyun-been တို့က အဓိကပါဝင်ထားကာ စိတ်ကူးယဉ်ကလဲ့စားချေခြင်း ဇာတ်လမ်းပုံစံမျိုး ဖြစ်ပါတယ်။

Instagram

ဇာတ်ကောင် Jin Do-joon အဖြစ်ရော Yoon Hyun-woo အဖြစ်ပါ မင်းသား Song Joong-ki က ပါဝင်ထားပြီး Jin Do-joon ရဲ့ ငယ်ရွယ်စဉ်ကာလကိုတော့ Kim Kang-hoon က ပါဝင်ပေးထားတာပါ။ ဝါရင့်မင်းသား Lee Sung-min ကိုတော့ ဇာတ်ကောင် Jin Yang-chul အဖြစ် မြင်တွေ့ရမှာဖြစ်ပြီး Sunyang မိသားစုရဲ့ အုပ်ထိန်းသူအကြီးအကဲတစ်ယောက် ဖြစ်ပါတယ်။

မင်းသမီးချော Shin Hyun-been က ဇာတ်ကောင် Seo Min-young အဖြစ် ပါဝင်ထားကာ ဆိုးလ်ခရိုင် အမှုစစ်ရုံးရဲ့ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးဌာနမှ အမှုစစ်တစ်ဦးပဲဖြစ်ပါတယ်။

Instagram

ဒီဇာတ်လမ်းတွဲဟာ နာမည်တူ webtoon ကိုအခြေခံပြီး Sunyang Group တွင် အလုပ်လုပ်ကိုင်နေတဲ့ သစ္စာရှိဝန်ထမ်း Yoon Hyun-woo (Song Jong-ki) ဟာ လုပ်ကြံသတ်ဖြတ်ခြင်းခံရပြီးနောက် Sunyang Group ရဲ့ အငယ်ဆုံးသားဖြစ်သူ Jin Do-joon ရဲ့ခန္ဓာကိုယ်ထဲကို လူပြန်ဝင်စားပြီးနောက် ယင်းအခြေအနေကိုအသုံးချကာ Sunyang Group ကိုသိမ်းပိုက်ရန်ကြံစည်တဲ့ ဇာတ်လမ်းလေးကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာ ဖြစ်ပါတယ်။

Reborn Rich ကိုးရီးယားဇာတ်လမ်းတွဲကို https://www.viu.com/ott/mm/mya/all/ တွင် ကြည့်ရှုနိုင်ပါပြီ။

RELATED ARTICLES
- Advertisment -

Most Popular

Discover more from SHWEMOM | Knowledge is Power

Subscribe now to keep reading and get access to the full archive.

Continue reading