Friday, April 26, 2024
HomeEntertainmentအချစ်မှာ အသက်အရွယ်မရှိတာကို ရိုက်ပြထားတဲ့ "Young Lady and Gentleman"

အချစ်မှာ အသက်အရွယ်မရှိတာကို ရိုက်ပြထားတဲ့ “Young Lady and Gentleman”

မိန်းမလှလေးရဲ့ ဦး (Young Lady and Gentleman) ကိုးရီးယားဇာတ်လမ်းတွဲတွင် မင်းသား Ji Hyun-woo, Kang Eun-tak, မင်းသမီး Lee Se-hee, Park Ha-na, Cha Hwa-yeon နဲ့ တခြားသရုပ်ဆောင်တွေများစွာ ပါဝင်ထားကြပြီး ဒါရိုက်တာ Shin Chang-seok က ရိုက်ကူးထားတာ ဖြစ်ပါတယ်။

Instagram.com

ဒီဇာတ်လမ်းတွဲလေးဟာ ကလေးသုံးယောက်ရှိတဲ့ မုဆိုးဖို Lee Young Guk နဲ့ သူ့ကလေးတွေရဲ့ အတူနေကျူရှင်ဆရာမ Park Dan-dan တို့ရဲ့ အချစ်ဇာတ်လမ်းလေးကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲဟာ တစ်နိုင်ငံလုံးကြည့်ရှုသူအများဆုံး ထိပ်တန်း ဇာတ်လမ်းတွဲ ‘50’ တွင် တတိယနေရာက ရပ်တည်နိုင်ခဲ့ရုံသာမက ဆုများစွာကိုလည်း ရရှိထားခဲ့တာပဲ ဖြစ်ပါတယ်။

Dan Dan (Lee Se-hee) ဟာ သူမရဲ့ဖခင်၊ မိထွေးနဲ့ မိထွေးတွင်ပါလာတဲ့သား သူမရဲ့အစ်ကိုဖြစ်သူ Dae Bum တို့နဲ့အတူ နေထိုင်တာဖြစ်ပါတယ်။ တစ်နေ့ Dae Bum ရဲ့လုပ်ရပ်ကြောင့် အိမ်နဲ့ငွေအားလုံး လိမ်လည်ခံလိုက်ရပါတော့တယ်။ သူဟာ ဘယ်တော့မှမအောင်မြင်တဲ့ စီးပွားရေးသမားတစ်ယောက် ဖြစ်ပါတယ်။ သူတို့နဲ့အတူနေထိုင်ရတာကို ငြီးငွေ့စိတ်ပျက်လာတဲ့ Dan Dan ဟာ တစ်နေ့မှာတော့ အိမ်ကနေထွက်လာခဲ့ပြီး သူမရဲ့ဆိုးဝါးလှတဲ့ဘဝကြောင့် ခံစားနေရတဲ့ စိတ်ဖိစီးမှုတွေ သက်သာစေဖို့ တောင်ပေါ်သို့ တက်လာခဲ့ပါတယ်။

Instagram.com

တောင်ပေါ်တွင် မထင်မှတ်ဘဲ Young Guk (Ji Hyun-woo) နဲ့တွေ့ဆုံခဲ့ကာ သူမက Young Guk ကို မကောင်းတဲ့သူအဖြစ် အထင်လွဲခဲ့တာဖြစ်ကာ မတော်တဆမှုတစ်ခု ဖြစ်ပေါ်ခဲ့ကြပါတယ်။ ကံကြမ္မာက လမ်းပျောက်နေတဲ့ Dan Dan ကို ကလေးသုံးယောက်ရှိတဲ့ မုဆိုးဖို Young Guk ရဲ့အိမ်ကို ကလေးတွေရဲ့ကျူရှင်ဆရာမအဖြစ် သွားရောက်ဖို့ ဖြစ်လာခဲ့ပြီး ဒီအိမ်ထဲမှာ ကလေးတွေကိုစောင့်ရှောက်ရင်း ပဋိပက္ခအခြေအနေတွေမှာ ပါဝင်ပတ်သက်ဖို့ ဖြစ်လာခဲ့ပါတယ်။

အသက် 14 နှစ်ကွာခြားပေမယ့် ဥက္ကဋ္ဌ Young Guk နဲ့ ဆရာမလေး Dan Dan တို့ဟာ တစ်ယောက်နဲ့တစ်ယောက် ချစ်မိသွားခဲ့ကြတာပါ။ ဒါပေမယ့် အသက်အရွယ်ကွာခြားရုံသာမက သူတို့ရဲ့ကြားမှာ အခက်အခဲအနှောင့်အယှက်တွေများစွာက စောင့်ကြိုလို့နေတာဖြစ်ကာ ဒီအခြေအနေကို ဘယ်လိုမျိုးကျော်လွှားကြမလဲဆိုတာကို ကြည့်ရှုရမယ့် ဇာတ်လမ်းလေးဖြစ်ပါတယ်။

အချစ်ဟာသ မိသားစုဇာတ်လမ်းတွဲလေး မိန်းမလှလေးရဲ့ ဦး (Young Lady and Gentleman) ကို https://www.viu.com/ott/mm/mya/all/ တွင် ကြည့်ရှုနိုင်ပါပြီ။

RELATED ARTICLES
- Advertisment -

Most Popular

Discover more from SHWEMOM | Knowledge is Power

Subscribe now to keep reading and get access to the full archive.

Continue reading