အဆီချလိုသူတွေအနေနဲ့ အောက်ပါ ဖျော်ရည်တွေကို ကိုယ်တိုင်လုပ်ပြီး အိပ်ရာမဝင်ခင်မှာ ပုံမှန်သောက်သုံးပေးသင့်ပါတယ်။ ကယ်လိုရီလောင်ကျွမ်းမှုကို လျင်မြန်စေပြီး အဆီကျသွယ်လျတဲ့ ခန္ဓာကိုယ်ကို အချန်တိုတိုလေးအတွင်းမှာ ရနိုင်မှာ သေချာကြောင်း ပြောချင်ပါတယ်နော်။
(၁) သခွားသီးဖျော်ရည်

သခွားသီးကို ဖျော်ရည်ဖျော်စက်နဲ့ ကြိတ်ပြီး ညစဉ် အိပ်ရာဝင်ခါနီး သောက်ပေးသင့်ပါတယ်။ အစာခြေစနစ်ကို ကောင်းမွန်စေတဲ့အပြင် အသားအရေကိုပါ ကျန်းမာစေတဲ့ ဖျော်ရည်ဖြစ်ပါတယ်။ အဆီကို တစ်ပတ်အတွင်း သိသိသာသာ ကျဆင်းစေပြီး ဘေးထွက်ဆိုးကျိူး လုံးဝမရှိတဲ့ ဖျော်ရည်ဖြစ်ပါတယ်။
(၂) ဂျင်းစိမ်းရေ

ဂျင်းစိမ်း လက်တစ်ဆစ်လောက်ကို အခွံခွာ ပါးပါးလှီးပြီး ပွက်ပွက်ဆူနေတဲ့ ရေနွေးအဖြူတစ်ဖန်ခွက်ထဲကို ငါးမိနစ်လောက် စိမ်ထားပါ။ အဝင်အရမ်းဆိုးမယ်ထင်ရင် ပျားရည်အနည်းငယ်ကိုပါ ရောစပ်သောက်သုံးနိုင်ပါတယ်။ သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး ကယ်လိုရီနဲ့ ကိုလက်စထရောကို အမြန်ကျဆင်းစေတဲ့ ဖျော်ရည်ပဲ ဖြစ်ပါတယ်။
(၃) လိမ္မော်ရည်/သံပုရာရည်

သံပုရာရည် လိမ္မော်ရည်တို့ဟာ လူတော်တော်များများ သုံးဆောင်လေ့ရှိကြတဲ့ အဆီချဖျော်ရည်တွေဖြစ်ပါတယ်။ သဘာဝအတိုင်း သောက်တာ ပိုကောင်းပြီး ပိုထိရောက်ပါတယ်။ ညစဉ် အိပ်ရာမဝင်ခင် သောက်သုံးသင့်ပါတယ်။
(၄) ရှားစောင်းလက်ပပ် ဖျော်ရည်

ရှားစောင်းလက်ပပ်ရဲ့ အရသာဟာ အလွန်ခါးပြီး အဝင်တော်တော်ဆိုးပါတယ်။ ဒါပေမယ့် ကျန်းမာရေးအရ အလွန်သင့်တော်လို့ ကြိတ်မှိတ်သောက်သင့်ပါတယ်။ ဘယ်လိုမှ မခံရပ်နိုင်လောက်အောင် အဝင်ဆိုးတယ်ဆိုရင်တော့ ပျားရည်အ
နည်းငယ်နဲ့ ရောစပ်သောက်သုံးနိုင်ပါတယ်။ အများကြီး သောက်ရန် မလိုပါ။ ဟင်းစားဇွန်းတစ်ဇွန်းစာ ရှားစောင်းလက်ပပ်ရည်ကို ရေနဲ့ ပျားရည်နဲ့ ရောစပ်သောက်သုံးပေးရုံပါပဲ။