Wednesday, October 4, 2023
HomeKnowledgeတစ်ညလုံးပန်ကာဖွင့်ပြီး အိပ်စက်ခြင်းဟာ ကျန်းမာရေးအတွက် ဆိုးကျိုးဖြစ်စေ

တစ်ညလုံးပန်ကာဖွင့်ပြီး အိပ်စက်ခြင်းဟာ ကျန်းမာရေးအတွက် ဆိုးကျိုးဖြစ်စေ

ရာသီဥတုပူအိုက်လာတဲ့အချိန်မှာ သာမန်လူတန်းစားတွေအဖို့ ပန်ကာတွေဟာ အသုံးတည့်လာပါတယ်။ ညဘက်တွေမှာ အပူဒဏ်သက်သာစွာနဲ့ အိပ်ပျော်အောင်လို့ဆိုပြီး ပန်ကာတွေကို ဖွင့်ကြပါတယ်။ ဒါပေမယ့် ညဘက်မှာ ပန်ကာဖွင့်ပြီး အိပ်တာဟာ ကျန်းမာရေးအတွက် ဆိုးကျိုးအများကြီး ဖြစ်စေနိုင်ပါတယ်။ ပန်ကာလေဟာ အခန်းတွင်းမှာပဲ လှည့်ပတ်ပြီး တိုက်နေတာကြောင့် ဖုန်မှုန့်တွေဟာ နှာခေါင်းထဲကနေတစ်ဆင့် ဝင်ရောက်နိုင်ပါတယ်။ ဒါကြောင့် ရင်ကြပ်ပန်းနာသည်တွေနဲ့ အလာဂျီဖြစ်တဲ့သူတွေဟာ ပန်ကာနဲ့ လုံးဝမတည့်ပါဘူး။

close up photography of gray stainless steel fan turned on surrounded by dark background
Photo by Alireza Kaviani on Pexels.com

တစ်ဖန် ပန်ကာတွေဟာ လေအေးတွေ ပြန်လည်မှုတ်ထုတ်ပေးရတာကြောင့် အချိန်ကြာလာတဲ့အခါ အသားအရေ ခြောက်သွေ့မှုကို ဖြစ်ပွားစေပါတယ်။ တကယ်လို့ မျက်လုံးကို တစ်ဝက်ဖွင့်ပြီး အိပ်ပျော်သွားရင်တောင် ပန်ကာလေကြောင့် မျက်လုံးဟာ ခြောက်သွေ့ယားယံလာနိုင်ပါတယ်။ နောက်တစ်ချက်ကတော့ နှာခေါင်းပေါက်နဲ့ ဆက်သွယ်ထားတဲ့ ဦးခေါင်းခွံတွင်းမှာရှိတဲ့ လေလမ်းကြောင်းဟာ ကျိန်းစပ်လာနိုင်ပါတယ်။ ဒါကြောင့် ရလဒ်အနေနဲ့ နှာခေါင်းပိတ်တာ၊ ခေါင်းခဲ ခေါင်းကိုက်တာတွေ ဖြစ်လာနိုင်ပါတယ်။

black vent close up photography
Photo by Jess Bailey Designs on Pexels.com

နောက်တစ်ချက်ကတော့ ကြွက်သားတွေ နာကျင်တာပါ။ ပန်ကာရှေ့မှာ အကြာကြီး အိပ်မိတဲ့အခါ နိုးလာရင် ကိုယ်လက်တွေ တောင့်တင်းပြီး ကြွက်သားနာကျင်တာတွေကို အားလုံးလည်း ခံစားဖူးကြမှာပါ။ ဥပမာ ပန်ကာကို မျက်နှာနား၊ လည်ပင်းနားမှာ နီးနီးကပ်ကပ်ထားပြီး အိပ်တတ်သူတွေဆိုရင် ဒီပြဿနာမျိုး ဖြစ်ပွားလွယ်ပါတယ်။ အထူးသဖြင့် နှလုံးနဲ့ပတ်သက်ဆက်စပ်တဲ့ရောဂါရှိသူတွေဟာလည်း ပန်ကာနဲ့မတည့်ပါဘူး။ ပန်ကာလေခံလို့ လေဖြတ်၊ ဦးနှောက်သွေးကြောပေါက်တဲ့အထိ ဖြစ်ပွားရတဲ့အဖြစ်တွေလည်း မနည်းမနောရှိဖူးပါတယ်။ ဒါတွေကတော့ ပန်ကာကြိုက်သူတွေ ဆင်ခြင်နိုင်အောင် ကြောက်စရာကောင်းတဲ့ ပန်ကာလေအကြောင်း သတိပေးလိုက်ရတာဖြစ်ပါတယ်။

RELATED ARTICLES
- Advertisment -

Most Popular

%d bloggers like this: