Friday, May 17, 2024
HomeEntertainmentကပ်ဘေးဆိုက်နေတဲ့ရွာကို ကယ်တင်ပေးနိုင်တဲ့သူအဖြစ် ရွေးချယ်ခြင်းခံခဲ့ရတဲ့ တက္ကစီဒရိုင်ဘာအကြောင်း ကြည့်ရှုရမဲ့ 'သက်ရှိတန်ခိုးရှင်'

ကပ်ဘေးဆိုက်နေတဲ့ရွာကို ကယ်တင်ပေးနိုင်တဲ့သူအဖြစ် ရွေးချယ်ခြင်းခံခဲ့ရတဲ့ တက္ကစီဒရိုင်ဘာအကြောင်း ကြည့်ရှုရမဲ့ ‘သက်ရှိတန်ခိုးရှင်’

‘သက်ရှိတန်ခိုးရှင်’ အိန္ဒိယဇာတ်ကားဟာ စိတ်ကူးယဉ် ဟာသအက်ရှင်ဇာတ်ကားတစ်ကားဖြစ်ပြီး ဒါရိုက်တာ Trivikram Srinivas က ရိုက်ကူးပုံဖော်ထားကာ မင်းသား Mahesh Babu, မင်းသမီး Anushka Shetty နဲ့ အခြားနာမည်ကြီးသရုပ်ဆောင်များစွာက ပါဝင်ထားကြတာ ဖြစ်ပါတယ်။

image source: Viu

မြို့ပြနဲ့ဝေးလံခေါင်သီတဲ့ ရွာတစ်ရွာတွင် လျှို့ဝှက်ဆန်းကြယ်တဲ့ ရောဂါတစ်ခုဖြစ်ပွားလာခဲ့ပြီး လစဉ် လူပေါင်းများစွာ သေဆုံးနေခဲ့ရတာပါ။ အနာဂတ်ဟောပြောချက်တွေအရ နတ်ဘုရားက ရွာကိုကယ်တင်မယ်လို့ ဆိုထားပါတယ်။ အဲဒီနောက်မှာတော့ ရွာသားတွေက တက္ကစီမောင်းသမားလေး Raju ဆီတွင် သူတို့ကိုကယ်တင်ပေးနိုင်မဲ့ ဖြစ်နိုင်ခြေအလားအလာတွေကို တွေ့ရှိခဲ့ကြတာဖြစ်ကာ သူ့ကိုနတ်ဘုရားလို့ ထင်မှတ်ခဲ့ကြပါတယ်။

image source: Viu

Raju တစ်ယောက် တကယ်ပဲ ဒီရွာရဲ့အခက်အခဲကို ကူညီဖြေရှင်းပေးနိုင်ပါ့မလား၊ ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ ရောဂါဆိုးကြီးကရော ဘယ်ကနေဘယ်လိုစဖြစ်လာခဲ့တာလဲ၊ Raju ရဲ့ဘဝက ဘယ်လိုအလှည့်အပြောင်းတွေနဲ့ ထပ်ကြုံတွေ့ရဦးမှာလဲဆိုတာကို ကြည့်ရှုကြရမဲ့ စိတ်ကူးယဉ်ဟာသအက်ရှင် ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ မင်းသားချော Mahesh Babu ရဲ့ ပရိသတ်တွေ သေချာပေါက်အကြိုက်တွေ့စေမဲ့ ဒီအိန္ဒိယဇာတ်ကားကို https://www.viu.com/ott/mm/mya တွင် ကြည့်ရှုခံစားနိုင်ပါတယ်။

RELATED ARTICLES
- Advertisment -

Most Popular

Discover more from SHWEMOM | Knowledge is Power

Subscribe now to keep reading and get access to the full archive.

Continue reading