Friday, May 17, 2024
HomeEntertainmentလျှို့ဝှက်ဆန်းကြယ်တဲ့ ပြတိုက်ကြီးအတွင်းက သည်းထိတ်ရင်ဖိုမှုတွေကို ကြည့်ရှုရမဲ့ 'လျှို့ဝှက်သော သန်းခေါင်ယံ'

လျှို့ဝှက်ဆန်းကြယ်တဲ့ ပြတိုက်ကြီးအတွင်းက သည်းထိတ်ရင်ဖိုမှုတွေကို ကြည့်ရှုရမဲ့ ‘လျှို့ဝှက်သော သန်းခေါင်ယံ’

Dome ဟာ သူအလုပ်လုပ်နေတဲ့ ကော်ဖီဆိုင်ကနေ သူ့ကိုမနက်ဖြန် အလုပ်လာစရာမလိုတော့ဘူးလို့ ပြောလိုက်တဲ့အချိန်မှာ အရမ်းကိုစိတ်ညစ်သွားခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ ဆိုင်သို့ပုံမှန်လာရောက်နေကျဖြစ်တဲ့ ဧည့်သည် Khatha က Dome ကို အလုပ်တစ်ခုကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။ ဒီအလုပ်ဟာ နေဝင်ပြီးမှသာဖွင့်တဲ့ ထူးဆန်းတဲ့ပြတိုက်တွင် လုပ်ကိုင်ရမဲ့အလုပ်ဖြစ်ပါတယ်။ ရွေးချယ်စရာမရှိတဲ့ Dome အတွက် နောက်ဆုံးမှာတော့ Khatha ရဲ့ကမ်းလှမ်းချက်ကို လက်ခံခဲ့ရတာပါ။

image source: Viu

သူ့ရဲ့ပထမဆုံးနေ့မှာတော့ ဝန်ထမ်းတစ်ယောက်က ဒီပြတိုက်ဟာ သရဲခြောက်တယ်လို့ပြောပါတယ်။ ဇုန် 16 ဆိုတဲ့နေရာကိုမသွားရန် ခေါင်းဆောင်ဖြစ်သူက တားမြစ်ထားခဲ့ပေမဲ့ Dome တစ်ယောက် ဒီနေရာတွင် ဘာတွေများရှိနေလဲဆိုတာကို သိချင်စိတ်ဖြစ်ခဲ့ပါတယ်။ Khatha က Dome ကို တားဆီးဖို့ကြိုးစားခဲ့ပေမဲ့ Dome ကတော့ တစ်စုံတစ်ခုကိုမရည်ရွယ်ဘဲ နှိုးလိုက်မိပါပြီ။ Dome ဟာ ပြတိုက်သို့ယူဆောင်လာခဲ့တဲ့ ကံဆိုးမှုတွေအတွက် တာဝန်ယူပြီး ပျောက်ဆုံးသွားတဲ့အရာတွေကို သူတို့နဲ့သက်ဆိုင်တဲ့နေရာတွေဆီ ပြန်ပို့ပေးဖို့ ကြိုးပမ်းပုံကို ကြည့်ရှုရမှာဖြစ်ပါတယ်။

image source: Viu

‘လျှို့ဝှက်သော သန်းခေါင်ယံ’ ထိုင်းဒရာမာဇာတ်လမ်းတွဲဟာ သဘာဝလွန်လျှို့ဝှက်ဆန်းကြယ် သည်းထိတ်ရင်ဖို စိတ်ကူးယဉ်ဒရာမာအမျိုးအစားဖြစ်ပြီး ဒါရိုက်တာ Attaporn Teemarkorn က ပုံဖော်ရိုက်ကူးထားကာ မင်းသား Thanapob Leeratanakachorn, Atthaphan Phunsawat, Patara Eksangkul, Tawan Vihokratana, မင်းသမီး Apinya Sakuljaroensuk, Tipnaree Weerawatnodom နဲ့ Phatchatorn Thanawat တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ‘လျှို့ဝှက်သော သန်းခေါင်ယံ’ ထိုင်းဒရာမာစီးရီးကို https://www.viu.com/ott/mm/mya တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

RELATED ARTICLES
- Advertisment -

Most Popular

Discover more from SHWEMOM | Knowledge is Power

Subscribe now to keep reading and get access to the full archive.

Continue reading