Thursday, May 2, 2024
HomeEntertainmentချစ်ရသူတွေရဲ့ သစ္စာဖောက်ခြင်းကိုခံလိုက်ရပြီး ရှုပ်ထွေးလှတဲ့ဆက်ဆံရေးတွေအကြောင်း ကြည့်ရှုရမဲ့ 'အသည်းကွဲနေ့စွဲ'

ချစ်ရသူတွေရဲ့ သစ္စာဖောက်ခြင်းကိုခံလိုက်ရပြီး ရှုပ်ထွေးလှတဲ့ဆက်ဆံရေးတွေအကြောင်း ကြည့်ရှုရမဲ့ ‘အသည်းကွဲနေ့စွဲ’

Wandee ဟာ ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းပြတ်စဲရန်ဆုံးဖြတ်ခဲ့ပြီး သူမရဲ့ဆယ်ကျော်သက်အရွယ် သမီးလေး Rose အတွက် တစ်ကိုယ်တော်မိခင်တစ်ဦး ဖြစ်လာခဲ့ပါတယ်။ နောက်ပိုင်းတွင် သူမဟာ Jaron ဆိုသူနဲ့ ဆုံစည်းခဲ့ကာ သူနဲ့အတူပဲ မိသားစုဘဝသစ်ကို ထပ်မံတည်ဆောက်ဖြစ်ခဲ့တာပါ။ ဒါပေမဲ့ ထင်မှတ်မထားတဲ့ အကြောင်းအရာတွေကို Wandee ရင်ဆိုင်ရဖို့ဖြစ်လာခဲ့ပြီး သူတို့ရဲ့နှစ်ပတ်လည်နေ့မှာ Jaron နဲ့ သမီးဖြစ်သူ Rose တို့ဟာ ဆက်ဆံရေးရှိနေကြောင်းကို သူမသိလိုက်ရတာ ဖြစ်ပါတယ်။ ဒီအကြောင်းအရာက Wandee ကို ယူကျုံးမရဖြစ်စေခဲ့ပြီး ပိုပျက်စီးသွားစေပါတယ်။

IMDb.com

Rose ရဲ့ အခန်းဖော်သူငယ်ချင်း Tong ဟာ သူမရဲ့မိသားစုနဲ့ အဆင်မပြေတဲ့ ဆက်ဆံရေးရှိသူဖြစ်ကာ သူမရဲ့အဖေတွင် ဇနီးသုံးယောက် ရှိတာဖြစ်ပါတယ်။ ပိုပြီးထူးဆန်းတာက ဇနီးသုံးယောက်လုံးဟာ တစ်အိမ်တည်းတွင် အတူနေထိုင်ကြတာပါ။ သူမရဲ့မိခင်ဟာ ဖခင်ဖြစ်သူဆီမှာ တခြားမိန်းမတွေရှိနေတာကို ဘာကြောင့်ခွင့်ပြုနိုင်ရတာလဲဆိုတာကို Tong တစ်ယောက် ဘယ်လိုမှ နားမလည်နိုင်ခဲ့သလို တစ်အိမ်တည်းမှာ အတူနေထိုင်ဖို့ ခွင့်ပြုထားတာကိုပါ ပိုပြီးနားမလည်နိုင်ခဲ့ပါဘူး။ Wandee နဲ့ Tong တို့ဟာ သူတို့ရဲ့ပြဿနာတွေကို ဘယ်လိုပုံစံမျိုးဖြေရှင်းသွားမလဲဆိုတာကို ကြည့်ရှုရမှာပါ။

IMDb.com

‘အသည်းကွဲနေ့စွဲ’ ဆိုတဲ့ ထိုင်းအချစ်ဒရာမာ ဇာတ်လမ်းတွဲတွင် Isariya Saisanan, Nitidon Pomsuwan, Krissada Pornweroj, Suttida Kasemsant Na Ayutthaya, Paradee Wongsawat, Nichapalak Thongkham, Nutcha Jeka, Chonnikan Netjui, Chaleeda Gilbert နဲ့ အခြားသရုပ်ဆောင်များစွာက ပါဝင်ထားကြတာ ဖြစ်ပါတယ်။ လောင်ရတာကြိုက်တဲ့ ပရိသတ်တွေအတွက် အချစ်ဒရာမာဇာတ်လမ်းတွဲ ‘အသည်းကွဲနေ့စွဲ’ ကို https://www.viu.com/ott/mm/mya တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

RELATED ARTICLES
- Advertisment -

Most Popular

Discover more from SHWEMOM | Knowledge is Power

Subscribe now to keep reading and get access to the full archive.

Continue reading