Thursday, May 2, 2024
HomeEntertainmentသူငယ်ချင်းတွေရဲ့ သစ္စာဖောက်မှုနောက်ကွယ်က ဆိုးရွားတဲ့အမှန်တရားကို ဖော်ထုတ်ဖို့ကြိုးစားသွားမဲ့ 'ခါးသက်မှုသံသရာ'

သူငယ်ချင်းတွေရဲ့ သစ္စာဖောက်မှုနောက်ကွယ်က ဆိုးရွားတဲ့အမှန်တရားကို ဖော်ထုတ်ဖို့ကြိုးစားသွားမဲ့ ‘ခါးသက်မှုသံသရာ’

Phanthiwa ရဲ့လျှို့ဝှက်ဗီဒီယိုဖိုင်ကို Phureenat နဲ့ သူမရဲ့မင်္ဂလာဆောင်တွင် ပြသလိုက်တဲ့အခါမှာတော့ သူမဟာ အရှက်ရသွားခဲ့ပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ တကယ်တမ်း Phanthiwa ရဲ့ လျှို့ဝှက်ချက်တွေကို သိတဲ့သူဟာ သူမရဲ့သူငယ်ချင်းအုပ်စု ငါးယောက်ကလွဲပြီး မရှိခဲ့ပါဘူး။ ဒီကိစ္စရဲ့တရားခံကို ရှာဖွေဖို့အတွက် Meena ကကြိုးစားခဲ့ပြီး ဒီစုံစမ်းမှုတွင် သူမရဲ့ချစ်သူဟောင်း Pitch နဲ့ Panthiwa ရဲ့ ဆက်ဆံရေးကိုဖော်ထုတ်ဖို့ လိုအပ်လာခဲ့ပါတယ်။

youtube.com

Meena တစ်ယောက် စုံစမ်းမှုကိုပိုပြုလုပ်လာလေလေ သူမတို့ သူငယ်ချင်းအုပ်စုဆက်ဆံရေးရဲ့ ဆိုးရွားတဲ့အမှန်တရားတွေကို ပိုသိရလာလေပါပဲ။ Thidawal ဟာ Meena ရဲ့ချစ်သူ Chanon နဲ့ ပတ်သက်မှုရှိနေခဲ့ပြီး Methacha က သူမမိခင်ရဲ့ ချစ်သူကောင်လေး Korawee ကို ငွေပေးချေကာ လျှို့ဝှက်ဗီဒီယိုရိုက်ခိုင်းခဲ့တာ ဖြစ်ပါတယ်။ ရှေးရိုးစွဲသူတစ်ယောက်လို့ထင်ရတဲ့ Saratsawadee ဟာ တကယ်တမ်းမှာ ကပ္ပတိန် Key ရဲ့ အပျော်မယားဖြစ်နေခဲ့ပြီး သူမဟာ Key ရဲ့ဇနီး Natthamol နဲ့ သူမရဲ့ဝမ်းကွဲဖြစ်တဲ့ ဒုဗိုလ် Term တို့ကို အနီးကပ်စောင့်ကြည့်နေခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် Meena တို့ရဲ့ သူငယ်ချင်းတွေထဲမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ မိန်းကလေး Palana ဟာလည်း လျှို့ဝှက်ချက်အချို့ကို ဆုပ်ကိုင်ထားခဲ့ပါတယ်။

Medium.com

‘ခါးသက်မှုသံသရာ’ ထိုင်းဒရာမာဇာတ်လမ်းတွဲကို ဇာတ်ညွှန်း Jinatcha Maneesriwong က ရေးသားထားပြီး ဒါရိုက်တာ Tel Tawan Charuchinda က ရိုက်ကူးပုံဖော်ထားတဲ့ လျှို့ဝှက်ဆန်းကြယ် အချစ်ဒရာမာ အမျိုးအစားဖြစ်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ မင်းသမီး Nichaphat Chatchaipholrat, Ployshompoo Supasap, Chayanit Chansangavej, Yongwaree Anilbol နဲ့ Sarunchana Apisamaimongkol တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြပြီး အခြားသရုပ်ဆောင်များစွာကလည်း ပါဝင်ထားပေးကြတာ ဖြစ်ပါတယ်။ လူတွေဆီမှာ ဖုံးကွယ်ထားကြတဲ့ နောက်ကွယ်က အမှန်တရားတွေကို ဖြည်းဖြည်းချင်းဖော်ထုတ်ပြသသွားပုံကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမဲ့ ‘ခါးသက်မှုသံသရာ’ ကို https://www.viu.com/ott/mm/mya တွင် ကြည့်ရှုခံစားနိုင်ပါတယ်။

RELATED ARTICLES
- Advertisment -

Most Popular

Discover more from SHWEMOM | Knowledge is Power

Subscribe now to keep reading and get access to the full archive.

Continue reading