Thursday, May 2, 2024
HomeEntertainmentငွေကြေးအတွက်ရုန်းကန်နေရတဲ့ လူငယ်တွေရဲ့အကြောင်းကို ဟာသဆန်ဆန် ရိုက်ကူးပုံဖော်ထားတဲ့ 'ကြယ်ဆွတ်ခူးသူ'

ငွေကြေးအတွက်ရုန်းကန်နေရတဲ့ လူငယ်တွေရဲ့အကြောင်းကို ဟာသဆန်ဆန် ရိုက်ကူးပုံဖော်ထားတဲ့ ‘ကြယ်ဆွတ်ခူးသူ’

‘ကြယ်ဆွတ်ခူးသူ’ ဟာသဒရာမာစီးရီးကို ဒါရိုက်တာ Andibachtiar Yusuf က ရိုက်ကူးပုံဖော်ထားပြီး Syafira Haddad , Roy Sungkono , Clairine Clay , Claudy Putri နဲ့ Shenina Cinnamon တို့က အဓိကပါဝင်ထားကာ အခြားသရုပ်ဆောင်များစွာက ပါဝင်အားဖြည့်ထားကြပါတယ်။

IMDb.com

ဇာတ်လမ်းပုံစံက တစ်ချိန်က ချမ်းသာတဲ့အဖေကြောင့် သူဌေးသမီးလေးဖြစ်ခဲ့တဲ့ အသက်နှစ်ဆယ်အရွယ် Kania ဟာ ဖခင်ဖြစ်သူ လေဖြတ်သွားပြီး လုပ်ငန်းတွေ ဒေဝါလီခံလိုက်ရချိန်မှာတော့ သူမရဲ့ကောလိပ်ကျောင်းလခတွေကို ပေးဆောင်ဖို့ အခက်အခဲဖြစ်လာခဲ့ပါတယ်။ အခုအခါမှာတော့ သူမဟာ မိသားစုကို တစ်ဦးတည်းထောက်ပံ့ပေးနေတဲ့သူတစ်ယောက်အဖြစ် တစ်ချိန်က သူမရဲ့ဖခင်ပိုင်ဆိုင်ခဲ့တဲ့ bubble tea shop တွင် အလုပ်လုပ်ကိုင်နေခဲ့တာ ဖြစ်ပါတယ်။ အဲဒီမှာ အကျင့်စရိုက်မျိုးစုံရှိတဲ့ သူငယ်ချင်းသစ်တွေရခဲ့ပြီး ကုန်တိုက်မန်နေဂျာ Mrs. Evy နဲ့လည်း တွေ့ဆုံခဲ့တာပါ။

viu.com

ဒီဇာတ်လမ်းတွဲလေးဟာ လူငယ်တွေနဲ့ဆက်စပ်မှုရှိတဲ့ ဇာတ်လမ်းလေးဖြစ်ပြီး ငွေရှာဖွေနေရတဲ့ လူငယ်တွေနဲ့ လူငယ်တွေသာသိနိုင်တဲ့ ပြဿနာလေးတွေကို ပြသထားခဲ့တာပါ။ ခိုးမှုကျူးလွန်ခြင်းကလွဲပြီး သူတို့လေးတွေရဲ့ ရည်မွန်ပြီးချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။ ‘ကြယ်ဆွတ်ခူးသူ’ ဒရာမာစီးရီးလေးကို https://www.viu.com/ott/mm/mya တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

RELATED ARTICLES
- Advertisment -

Most Popular

Discover more from SHWEMOM | Knowledge is Power

Subscribe now to keep reading and get access to the full archive.

Continue reading