Thursday, May 2, 2024
HomeUncategorizedထူးထူးခြားခြား ကျေနပ်စရာကောင်းလောက်အောင် ပြီးပြည့်စုံတဲ့ အစားအသောက်ပုံများ

ထူးထူးခြားခြား ကျေနပ်စရာကောင်းလောက်အောင် ပြီးပြည့်စုံတဲ့ အစားအသောက်ပုံများ

အစားအစာတွေမှာ အရသာက အဓိကကျတယ်ဆိုပေမဲ့ တကယ်တော့ အဲဒီအစားအစာကိုမြင်ရတဲ့ ပထမဆုံးအမြင်က အရင်ဆုံးဖြစ်ပေါ်လာတာဖြစ်ပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ရဲ့မျက်လုံးတွေဖြင့်လည်း စားတတ်ကြတယ်ဆိုတဲ့ စကားလည်း ရှိနေတာပါ။ တချို့သောအစားအစာတွေက အရမ်းကိုထူးခြား စိတ်ကျေနပ်ဖွယ်ကောင်းလောက်အောင် ပြီးပြည့်စုံတဲ့ပုံစံဖြစ်နေတာကြောင့် မြင်လိုက်ရုံနဲ့ အရသာရှိကြောင်း ပေါ်လွင်နေပါတယ်။ အမျိုးသားသုံးဆယ်နဲ့ အမျိုးသမီးသုံးဆယ်ကို တူညီတဲ့ပါဝင်ပစ္စည်းတွေပါဝင်တဲ့ အလှဆင်ထားတဲ့ အသုပ်နဲ့ ဘာမှမပြင်ဆင်ထားတဲ့ အသုပ်တို့ဖြင့် စမ်းသပ်မှုပြုလုပ်ခဲ့တာ ဖြစ်ကာ အစားအသောက်ကို ရှုထောင့်အမျိုးမျိုးကနေ 1 ကနေ 10 အထိ အဆင့်သတ်မှတ်ခိုင်းခဲ့တာ ဖြစ်ပါတယ်။ ရလဒ်အနေနဲ့ကတော့ အနုပညာအပြင်အဆင်ဖြင့် အလှဆင်ထားတဲ့ အသုပ်ကို နှစ်သက်သူများကာ အဆင့်သတ်မှတ်ချက်မြင့်မားခဲ့တာပါ။

ဒါကြောင့် အစားအသောက်တွေမှာ အရသာကအရေးကြီးပေမဲ့လည်း ပထမဆုံးစားသုံးသူတွေကို ဆွဲတောင်တာက အမြင်ပဲဖြစ်ပါတယ်။ ဒါကြောင့်လည်း နာမည်ကြီးစားဖိုးမှူးတွေချက်ပြုတ်တဲ့ ဈေးကြီးပေးရတဲ့ အစားအစာတွေကို သေချာလည်းအလှဆင်ထားတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ အရမ်းကိုပြီးပြည့်စုံတယ်လို့ပြောရလောက်တဲ့ အစားအသောက်တွေကို ပြန်လည်မျှဝေပေးလိုက်ရပါတယ်။

Shwemom

photos from reddit

RELATED ARTICLES
- Advertisment -

Most Popular

Discover more from SHWEMOM | Knowledge is Power

Subscribe now to keep reading and get access to the full archive.

Continue reading