မင်းသမီး Glynis Johns ဟာ သူမရဲ့အသက် 100 ပြည့်မွေးနေ့ကို မကြာသေးခင်ကကျင်းပခဲ့ပြီး သူမဟာ အသက်အကြီးဆုံးမင်းသမီးသာမက အသက်အကြီးဆုံး ဒစ်စနေးဒဏ္ဌာရီဖြစ်လာခဲ့ပါတယ်။ Glynis Margaret Payne Johns ဟာ အငြိမ်းစား ဗြိတိန်သရုပ်ဆောင်၊ အက၊ ဂီတပညာရှင်နဲ့ အဆိုတော်တစ်ဦးအဖြစ် စင်မြင့်ပေါ်တွင် ဆယ်စုနှစ်ရှစ်ခုကြာ အသက်မွေးဝမ်းကြောင်းပြုခဲ့သူပါ။

Glynis Johns ဟာ 1923 ခုနှစ် အောက်တိုဘာလ 5 ရက်နေ့တွင် တောင်အာဖရိကရှိ Pretoria တွင် မင်းသားကြီး Mervyn Johns ရဲ့ သမီးအဖြစ် မွေးဖွားလာခဲ့တာ ဖြစ်ပါတယ်။ သူမရဲ့များစွာသော နာမည်ကြီးရုပ်ရှင်တွေနဲ့ ဂုဏ်ပြုဆုများစွာကြောင့် လူသိများခဲ့ပြီး သူမဟာ ဟောလိဝုဒ်ရွှေခေတ်နဲ့ ဗြိတိန်ရုပ်ရှင်ဂန္တဝင်နှစ်တွေထဲက နောက်ဆုံးကျန်ရစ်ခဲ့တဲ့ အဓိကကြယ်ပွင့်တွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ Glynis Johns ဟာ ငယ်ငယ်ရွယ်ရွယ်ကတည်းက ရှိုးတွေမှာပါဝင်ခဲ့ပြီး ဆယ်ကျော်သက်အရွယ်မှစတင်ကာ စင်မြင့်အကသမားအဖြစ် ရပ်တည်ခဲ့ပါတယ်။ သူမရဲ့ပထမဆုံးရုပ်ရှင်အဖြစ် ‘South Riding’ နဲ့ 1938 တွင် ပါဝင်သရုပ်ဆောင်ခဲ့ပေမယ့် သူမရဲ့အောင်မြင်မှုဟာ 1940 ခုနှစ်များအတွင်း အထူးသဖြင့် Anna အဖြစ် သရုပ်ဆောင်ခဲ့စဉ်က ရရှိခဲ့တာပါ။

1941 ခုနှစ်တွင် 49th Parallel ဇာတ်ကားတွင် Anna အဖြစ် အကောင်ဆုံးသရုပ်ဆောင်မှုအတွက် National Board of Review Award ကို ရရှိခဲ့ပါတယ်။ ဒီအောင်မြင်မှုက သူမကို Miranda (1948) နဲ့ Third Time Lucky (1949) တို့လိုမျိုး ထင်ရှားတဲ့ဇာတ်ကားတွေမှာပါဝင်ဖို့ တွန်းအားဖြစ်စေခဲ့တာပါ။ သူမရဲ့အသက်မွေးဝမ်းကြောင်း တိုးတက်လာတာနဲ့အမျှ Johns ဟာ ဗြိတိန်၊ အမေရိကန်ထုတ်လုပ်ရေးတွေမှာ အခန်းကဏ္ဌတွေကို ပိုမိုရယူနိုင်ခဲ့ပါတယ်။ The Sword and the Rose (1953), The Weak and the Wicked (1954), The Court Jester (1955), The Sundowners (1960), နဲ့ The Chapman Report (1962) စတဲ့ ရုပ်ရှင်တွေမှာ သူမရဲ့အမှတ်ရဖွယ်သရုပ်ဆောင်မှုတွေကို တွေ့မြင်နိုင်ပါတယ်။

ကယ်လီဖိုးနီးယား၊ လော့စ်အိန်ဂျလိစ်တွင်နေထိုင်တဲ့ Glynis Johns ဟာ 2023 ခုနှစ် အောက်တိုဘာလ 5 ရက်နေ့တွင် အသက် 100 ပြည့်သွားပြီဖြစ်ပြီး သူမရဲ့မှတ်သားဖွယ်ကောင်းပြီး ရာစုနှစ်တစ်ခုရှည်ကြာတဲ့ အသက်မွေးဝမ်းကြောင်း ခရီးလမ်းတစ်ခု ဖြစ်ပါတယ်။ သူမရဲ့အသက်ရှည်မှုနဲ့ အောင်မြင်မှုတွေကြောင့် အသက်အကြီးဆုံး အကယ်ဒမီဆုလျာထားခံရသူနဲ့ Disney Legend ဆုတွေကို ရရှိထားပါတယ်။