Friday, May 3, 2024
HomeEntertainmentမတရားစွပ်စွဲခံရမှုအတွက် ပြန်လည်လက်စားချေမဲ့ မိန်းမတစ်ယောက်ရဲ့ဇာတ်လမ်း 'အဆိပ်သင့်မေတ္တာ'

မတရားစွပ်စွဲခံရမှုအတွက် ပြန်လည်လက်စားချေမဲ့ မိန်းမတစ်ယောက်ရဲ့ဇာတ်လမ်း ‘အဆိပ်သင့်မေတ္တာ’

‘အဆိပ်သင့်မေတ္တာ’ တရုတ်ဒရာမာစီးရီးကို ဒါရိုက်တာ Ke Han Chen က ရိုက်ကူးပုံဖော်ထားပြီး မင်းသမီး Yang Mi, Guo Zhen Ni, မင်းသား Feng Shao Feng, Chi Shuai, Shawn, Zhang Gao Hao နဲ့ အခြားသရုပ်ဆောင်များစွာက ပါဝင်သရုပ်ဆောင်ထားတဲ့ အချစ်ဒရာမာအမျိုးအစား ဖြစ်ပါတယ်။

Viu.com

ဒီဇာတ်လမ်းတွဲဟာ ကိုရီးယားဒရာမာ “Cinderella’s Sister” ကို အခြေခံကာ ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး မွေးစားညီအစ်မနှစ်ယောက်ဖြစ်တဲ့ An Qi နဲ့ An Na တို့ရဲ့ ဖက်ရှင်လုပ်ငန်းအတွင်း တွေ့ကြုံရတဲ့ စိန်ခေါ်မှုတွေနဲ့ အခက်အခဲတွေအကြောင်းကို တွေ့မြင်ရမှာဖြစ်ပါတယ်။

Viu.com

An Qi ဟာ စိတ်ထားကောင်းမွန်တဲ့သူတစ်ယောက်ဖြစ်ပေမဲ့ သူမအရမ်းကိုချစ်ရတဲ့ ညီမဖြစ်သူရဲ့သစ္စာဖောက်မှုကိုခံခဲ့ရပြီး မှားယွင်းစွာစွပ်စွဲခံလိုက်ရမှုကြောင့် ငါးနှစ်ကြာအကျဉ်းကျခံခဲ့ရပါတယ်။ ငါးနှစ်ကြာပြီးနောက်မှာတော့ သူမခံစားခဲ့ရတဲ့ မတရားမှုတွေကို ပြန်လည်လက်စားချေရန်အတွက် ရောက်ရှိလာခဲ့ပါတယ်။ အဲဒီအချိန်အတောအတွင်းမှာတော့ သူမရဲ့ညီမဖြစ်သူ An Na ဟာ အောင်မြင်တဲ့မော်ဒယ်တစ်ဦး ဖြစ်နေခဲ့တာပါ။ သူတို့နှစ်ယောက်ရဲ့ အမုန်းတရားတွေက ဘယ်လိုမျိုးအဆုံးသတ်ကို ဖြစ်ပေါ်လာစေမှာလဲ၊ An Qi တစ်ယောက် သူမရဲ့မတရားမှုအတွက် ပြန်လည်လက်စားချေနိုင်ပါ့မလားဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ ‘အဆိပ်သင့်မေတ္တာ’ အချစ်ဒရာမာစီးရီးကို https://www.viu.com/ott/mm/mya
တွင် ကြည့်ရှုခံစားနိုင်ပါတယ်။

RELATED ARTICLES
- Advertisment -

Most Popular

Discover more from SHWEMOM | Knowledge is Power

Subscribe now to keep reading and get access to the full archive.

Continue reading