Friday, May 3, 2024
HomeEntertainmentရည်မှန်းချက်ကြီးမားတဲ့ မင်းသမီးလေးနဲ့ ငြိမ်းချမ်းရေးကိုလိုလားတဲ့ စစ်သူကြီးတို့ကြားက အချစ်ဇာတ်လမ်းလေး 'လရောင်အောက်က မြစ်တစ်စင်း'

ရည်မှန်းချက်ကြီးမားတဲ့ မင်းသမီးလေးနဲ့ ငြိမ်းချမ်းရေးကိုလိုလားတဲ့ စစ်သူကြီးတို့ကြားက အချစ်ဇာတ်လမ်းလေး ‘လရောင်အောက်က မြစ်တစ်စင်း’

Pyeong Gang ဟာ မင်းသမီးတစ်ဦးအဖြစ် မွေးဖွားလာပြီး စစ်သည်တော်တစ်ဦးအဖြစ် ကြီးပြင်းလာသူတစ်ယောက်ဖြစ်ကာ ကြီးမားတဲ့အိပ်မက်တွေနဲ့ အကန့်အသတ်မရှိတဲ့ ရည်မှန်းချက်တွေရှိတဲ့ အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။ Goguryeo ရဲ့ ပထမဆုံးဧကရီဖြစ်လာရန် ဆုံးဖြတ်ထားတဲ့ Pyeong Gang ကို သူမရဲ့အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့အရေးကနေ ဘယ်အရာကမှ ရပ်တန့်ပစ်နိုင်ပုံမပေါ်ပါဘူး။

Viu.com

လိမ္မာပါးနပ်ပြီး အဆင့်အတန်းရှိတဲ့ Pyeong Gang ဟာ သူသွားမဲ့လမ်းကြောင်းပေါ်တွင်ရှိနေတဲ့ အတားအဆီးတွေကို ကောင်းစွာနားလည်သဘောပေါက်ထားကာ သူမဒါကို ဖြတ်ကျော်နိုင်စွမ်းလည်း ရှိပါတယ်။ ဒါပေမဲ့ သူ့ရဲ့ပတ်ဝန်းကျင်ကလူတွေနဲ့ သဟဇာတဖြစ်အောင်နေထိုင်ပြီး ငြိမ်းချမ်းရေးကိုမြတ်နိုးတဲ့ On Dal နဲ့ တွေ့ဆုံတဲ့နေ့မှာတော့ Pyeong Gang ရဲ့ဘဝတွင် ထင်မှတ်မထားတဲ့ အလှည့်အပြောင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။ On Dal ဟာ ရည်မှန်းချက်ကြီးတဲ့ မင်းသမီးနဲ့ဆန့်ကျင်ဘက်ဖြစ်ပြီး လှိုင်းထန်နေတဲ့ Pyeong Gang ရဲ့ဘဝတွင် ငြိမ်သက်တဲ့အိုအေစစ်တစ်ခု ဖြစ်လာခဲ့ပါတယ်။

Viu.com

စစ်သည်တော်မင်းသမီးလေးဟာ နူးညံ့သိမ်မွေ့တဲ့ On Dal ကို မကြာမီတွင် ချစ်မိသွားပြီဖြစ်ကြောင်း သူမကိုယ်သူမ သိခဲ့ရသလို On Dal ကလည်း သူမကိုအရမ်းချစ်မြတ်နိုးနေခဲ့ပါတယ်။ Goguryeo ရှိ အင်အားအရှိဆုံးလူတချို့ကို ဉာဏ်၊ ခွန်အားနှစ်ခုစလုံးဖြင့် ယှဉ်ပြိုင်ဖို့ကြိုးစားမှုတွင် Pyeong Gang အတွက် ဆုံးရှုံးမှုတွေ ဖြစ်လာစေနိုင်ပါတယ်။ သူမရဲ့ရည်မှန်းချက်တွေကို တကယ်ပဲ အကောင်အထည်ဖော်နိုင်ပါ့မလား။

‘လရောင်အောက်က မြစ်တစ်စင်း’ နန်းတွင်းအချစ် အက်ရှင်ဒရာမာဇာတ်လမ်းတွဲကို ဒါရိုက်တာ Yoon Sang Ho က ရိုက်ကူးပုံဖော်ထားပြီး Kim So Hyun, Na In Woo, Lee Ji Hoon, Choi Yoo Hwa, Kim Bup Rae, Lee Hae Young နဲ့ သရုပ်ဆောင်များစွာက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ‘လရောင်အောက်က မြစ်တစ်စင်း’ ကိုရီးယားဇာတ်လမ်းတွဲလေးကို https://www.viu.com/ott/mm/mya တွင် ကြည့်ရှုနိုင်ပါတယ်။

RELATED ARTICLES
- Advertisment -

Most Popular

Discover more from SHWEMOM | Knowledge is Power

Subscribe now to keep reading and get access to the full archive.

Continue reading