Friday, April 26, 2024
HomeEntertainmentအိမ်ထောင်ရေးတွင် စော်ကားမှုတိုင်းကို ခေါင်းငုံ့မခံသင့်ကြောင်းပြသထားတဲ့ ကိုးရီးယားဒရာမာ Love in Sadness

အိမ်ထောင်ရေးတွင် စော်ကားမှုတိုင်းကို ခေါင်းငုံ့မခံသင့်ကြောင်းပြသထားတဲ့ ကိုးရီးယားဒရာမာ Love in Sadness

ပျားရည်နဲ့အဆိပ်တစ်ခွက် (Love in Sadness) ကိုးရီးယားဒရာမာဇာတ်လမ်းတွဲတွင် မင်းသား Ji Hyun-woo, Ryu Soo-young, မင်းသမီး Park Han-byul နဲ့ Wang Bit-na တို့က အဓိကပါဝင်ထားကြပါတယ်။ ဒီဇာတ်လမ်းတွဲလေးဟာ 1999 TBS ဒရာမာ ‘Beauti’ ကို ပြန်လည်ဖန်တီးရိုက်ကူးထားခဲ့တာဖြစ်ပြီး 2019 ခုနှစ်တွင် ထုတ်လွှင့်ပြသခဲ့တာ ဖြစ်ပါတယ်။

pinterest

Yoo Ma-ri (Park Han-byul) ဟာ သူမရဲ့ခင်ပွန်းဖြစ်သူ Kang In-wook (Ryu Soo-young) နဲ့ မပျော်ရွှင်တဲ့ အိမ်ထောင်ရေးအခြေအနေတွင် ရှိနေခဲ့တာဖြစ်ပြီး သူမရဲ့ခင်ပွန်းဟာ မောက်မာပြီး အစွဲလမ်းကြီးသူတစ်ယောက် ဖြစ်ပါတယ်။ သူမဟာ မမျှော်လင့်ဘဲ ကြင်နာတတ်တဲ့ အလှအပရေးရာ ခွဲစိတ်ဆရာဝန် Seo Jung-won (Ji Hyun-woo) နဲ့ တွေ့ဆုံခဲ့ပါတယ်။

သူမခံစားနေရတဲ့ အိမ်ထောင်ရေးအနိုင်ကျင့်ခံရမှုတွေကို သိရှိသွားပြီးနောက်တွင် ဆရာဝန် So Jung-woo ဟာ Yoo Ma-ri ရဲ့ဘဝကို အသစ်အတိုင်းစတင်နိုင်ဖို့ မျက်နှာခွဲစိတ်မှုကို ပြုလုပ်ကာ တခြားတစ်ယောက်အဖြစ် ပြောင်းလဲပေးခဲ့ပါတယ်။

pinterest

ပျားရည်နဲ့အဆိပ်တစ်ခွက် (Love in Sadness) ကိုးရီးယားဒရာမာဇာတ်လမ်းတွဲဟာ အိမ်ထောင်ရေးတစ်ခုတွင် တစ်ယောက်နဲ့တစ်ယောက် လေးစားမှု၊ စာနာတတ်မှုရှိဖို့လိုအပ်ပြီး အနိုင်ကျင့်မှုစော်ကားမှုတွေက အိမ်ထောင်ရေးကို ပျက်စီးသွားစေနိုင်ကြောင်း ပြသထားတဲ့ အိမ်ထောင်ရေး ပညာပေးဇာတ်လမ်းတွဲလေးတစ်ခုဆိုလည်း မမှားပါဘူး။ ဒီဇာတ်လမ်းတွဲလေးကို https://www.viu.com/ott/mm/mya/all/ တွင် ကြည့်ရှုနိုင်ပါပြီ။

RELATED ARTICLES
- Advertisment -

Most Popular

Discover more from SHWEMOM | Knowledge is Power

Subscribe now to keep reading and get access to the full archive.

Continue reading