Saturday, April 27, 2024
HomeEntertainmentအရာရာမတူညီတဲ့လူနှစ်ယောက် တစ်အိမ်ထဲမှာအတူတူနေတာကိုကြည့်ရမယ့် 'Because This Is My First Life'

အရာရာမတူညီတဲ့လူနှစ်ယောက် တစ်အိမ်ထဲမှာအတူတူနေတာကိုကြည့်ရမယ့် ‘Because This Is My First Life’

သုံးဆယ်ကျော်ချစ်ပုံပြင် (Because This Is My First Life) ဟာ 2017 ခုနှစ်ကထွက်ရှိခဲ့တဲ့ ကိုးရီးယားဇာတ်လမ်းတွဲတစ်ခုဖြစ်ပြီး မင်းသားချော Lee Min-ki နဲ့ မင်းသမီးချော Jung So-min တို့က အဓိကပါဝင် သရုပ်ဆောင်ထားကြပါတယ်။ ဒီဇာတ်လမ်းတွဲလေးဟာ အလုပ်အကိုင်၊ ဆက်ဆံရေး၊ အိမ်ထောင်ရေးနဲ့ အချစ်အပေါ် မတူညီကွဲပြားတဲ့အမြင်တွေကို ထုတ်ဖော်ပြသထားတဲ့ ဇာတ်လမ်းတွဲကောင်း တစ်ခုပဲဖြစ်ပါတယ်။

pinterest

သုံးဆယ်ကျော်ချစ်ပုံပြင် (Because This Is My First Life) ဇာတ်လမ်းတွဲလေးဟာ အချစ်ဟာသဇာတ်လမ်းပုံစံမျိုးဖြစ်ပြီး IT ဝန်ထမ်းတစ်ယောက်ဖြစ်ပြီး လူမှုရေးညံ့ဖျင်းတဲ့ Nam Se-hee (Lee Min-ki ) ဆိုတဲ့အမျိုးသားဟာ နေထိုင်စရာ အိမ်ပိုင်တောင်မရှိတဲ့ စာရေးဆရာမ Yoo Ji-ho (Jung So-min) ကို နှစ်နှှစ်စာချုပ်ဖြင့် သူ့ရဲ့အိမ်မှာနေခိုင်းခဲ့ပါတယ်။

အိမ်ရှင်နဲ့ အိမ်ငှားစည်းမျဉ်းစည်းကမ်းတွေကို နှစ်ဖက်သဘောတူခဲ့ကြပြီး တူညီတဲ့ပန်းတိုင်တွေကြောင့် အိမ်ကိုအတူမျှဝေနေထိုင်ဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။ ဒါပေမယ့် သူတို့နှစ်ယောက်ရဲ့ အစီအစဉ်တွေက ကိုယ်ရေးကိုယ်တာ စိတ်ဒဏ်ရာတွေ၊ လူမှုဆက်ဆံရေးတွေနဲ့ မိသားစုကြားဝင်စွက်ဖက်မှုတွေကြောင့် စီစဉ်ထားသလို ဖြစ်မလာခဲ့ပါဘူး။

pinterest

ဒီဇာတ်လမ်းတွဲဟာ Se-hee နဲ့ Ji-ho တို့ရဲ့ အချစ်ရေး၊ လူမှုရေးအပေါ်ထားတဲ့ မတူညီတဲ့ရှုထောင့်တွေကို နောက်ခံထား ရိုက်ကူးထားတာ ဖြစ်ပါတယ်။ သုံးဆယ်ကျော်ချစ်ပုံပြင် (Because This Is My First Life) ဇာတ်လမ်းတွဲကို https://www.viu.com/ott/mm/mya/all/ တွင် ကြည့်ရှုနိုင်ပါတယ်။

RELATED ARTICLES
- Advertisment -

Most Popular

Discover more from SHWEMOM | Knowledge is Power

Subscribe now to keep reading and get access to the full archive.

Continue reading