Thursday, December 7, 2023
HomeKnowledgeသင့်ခန္ဓာကိုယ်က သကြားဓာတ်ကို လုံးဝလက်မခံနိုင်တော့ကြောင်း ပြသနေတဲ့လက္ခဏာများ

သင့်ခန္ဓာကိုယ်က သကြားဓာတ်ကို လုံးဝလက်မခံနိုင်တော့ကြောင်း ပြသနေတဲ့လက္ခဏာများ

သကြားဓာတ်ဆိုတာ ခန္ဓာကိုယ်အတွက် လိုအပ်သလို အရမ်းများလာတဲ့အခါမျိုးမှာလည်း ရောဂါတစ်ချို့ဝင်လာနိုင်တဲ့အတွက်ကြောင့် ထိန်းထိန်းသိမ်းသိမ်းစားသုံးပေးဖို့တော့ လိုအပ်ပါလိမ့်မယ်။ ဒါဆိုရင် ခန္ဓာကိုယ်က သကြားဓာတ်ကို လုံးဝ လက်မခံနိုင်တော့ကြောင်း ဘယ်လိုမျိုး လက္ခဏာတွေနဲ့ ပြသေနမလဲဆိုတာ ကြည့်လိုက်ရအောင်နော်။ Bright Side မှ ကိုးကားဖော်ပြပေးလိုက်ပါတယ်။

(၁) စိုးရိမ်စိတ်တွေများနေမယ်

Anxiety လို့ခေါ်တဲ့ စိုးရိမ်မှုလွန်ကဲခြင်းဟာ သကြားဓာတ်များတဲ့အခါ ဖြစ်တတ်တဲ့လက္ခဏာတစ်ရပ်ပါပဲ။ လွန်ကဲတဲ့သကြားဓာတ်ကို ခန္ဓာကိုယ်က အစာချေမဖြတ်နိုင်တဲ့အခါ စိတ်ဓာတ်ကျသလိုလို၊ အရာရာကို သံသယဝင်ပြီးတော့ စိတ်တွေလှုပ်ရှားနေသလိုလို ဖြစ်နေပါလိမ့်မယ်။

young troubled woman using laptop at home
Photo by Andrea Piacquadio on Pexels.com

(၂) ပျို့အန်ချင်စိတ်

မူးတူးတူးဖြစ်ပြီး အန်ချင်တာဟာ သွေးတွင်းအချိုဓာတ်လျော့နည်းရင်လည်း ဖြစ်နိုင်သလို အချိုဓာတ်လွန်ကဲနေရင်လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဒီနှစ်ခုကို ကွဲကွဲပြားပြားသိဖို့တော့ လိုအပ်ပါမယ်။ သကြားဓာတ်များလို့ဆိုရင်တော့ အစားစားလိုက်ရုံနဲ့ ဖြစ်လာမှာပါ။

(၃) ဗိုက်အောင့်မယ်

အချိုတွေအများကြီးစားတဲ့အခါ အစာချေမှုနှုန်းကိုလျော့နည်းစေပါတယ်။ ဒါကြောင့် တစ်ခါတစ်လေကျရင် ဗိုက်အောင့်လာမှာပါ။

young man in sleepwear suffering from headache in morning
Photo by Andrea Piacquadio on Pexels.com

(၄) အရမ်းငိုက်မြည်းလာမယ်

မုန့်တစ်ခုခုစားပြီးတာနဲ့ ချက်ချင်းပဲ အရမ်းတွေကို မခံမရပ်နိုင်အောင် အိပ်ငိုက်လာခြင်းဟာ ခန္ဓာကိုယ်ထဲ ကာဗိုဟိုက်ဒြိတ်တွေ များနေပြီဆိုတာ သိသင့်နေပါပြီ။ အိပ်ငိုက်တာနဲ့တွဲပြီး အားနည်းနေမယ်၊ ပျိုအန်ချင်နေမယ်၊ စိတ်အပြောင်းအလဲအရမ်းမြန်မယ်၊ ခေါင်းကိုက်နေမယ်ဆိုတော့ သေချာနပါပြီ။ အချိုစားတာ ခဏလောက် ရပ်လိုက်ပါ။

(၅) ခန္ဓာကိုယ်ဖောနေမှု

Bloat ဖြစ်တယ်ဆိုတာ ကြားဖူးတယ်မဟုတ်လား။ ဗိုက်နေတာမှာ ကျစ်ကျစ်လျစ်လျစ်ရှိမနေဘဲနဲ့ ရှိရင်းစွဲထက်ပိုပြီး ဖောနေတာမျိုးပါ။ ဒါမျိုးဟာ ပျားရည်လိုမျိုး သဘာဝအချိုဓာတ်ကိုအလွန်အကျွံစားမိရင်တောင်မှပဲ ဖြစ်တတ်တဲ့ လက္ခဏာတစ်ရပ်ပါပဲ။

(၆) လေထခြင်း

man in white shirt suffering from a stomach pain
Photo by cottonbro on Pexels.com

လေချဉ်တွေ ခဏတိုင်းတက်နေမယ် ဒါမှမဟုတ်လည်း အီးအီးတွေအရမ်းပေါက်နေမယ်ဆိုရင် သင်ဟာ အစားအကို အမြန်စားတာမျိုး၊ လေထစေမယ့်အစားအသောက်တွေကိုချည်း စားမိနေတာမျိုးတွေကြောင့် ဖြစ်နိုင်ပါတယ်။ အချိုစားရင်လည်း လေထနိုင်တယ်လေ။

(၇) အချိုကိုပိုတောင့်တနေမယ်

သတိမထားမိတဲ့ နောက်ထပ်လက္ခဏာတစ်ခုကတော့ အချိုကိုပိုတောင့်တနေပါလိမ့်မယ်။ ဒီလိုဖြစ်လာပြီဆိုရင် ငါ့ခန္ဓာကိုယ်မှာ သကြားဓာတ်လိုအပ်နေလို့လားမသိဘူးဆိုပြီးတော့ အချိုတွေ ထပ်ပြီး မစားမိပါစေနဲ့။

penny

RELATED ARTICLES
- Advertisment -

Most Popular

%d