ခွဲခြားဆက်ဆံတာတော့မဟုတ်ပေမယ့်လို့ သူနာပြုဆရာမတို့ဘာတို့ဆို အမျိုးသမီးတွေအလုပ်၊ စစ်တပ်နဲ့သက်ဆိုင်တဲ့ အရာရှိတွေဆိုရင် အမျိုးသားတွေအလုပ် စသည်ဖြင့် ကျွန်တော်တို့စိတ်ထဲမှာ ကွဲကွဲပြားပြားသိနေခဲ့ကြပါတယ်။ ဒါပေမဲ့လည်း အခုအချိန်မှာဆိုရင် အမျိုးသမီးတွေလုပ်ငန်းနယ်ပယ်ထဲ အမျိုးသားတွေရောက်လာတတ်ကြပြီး အမျိုးသမီးတွေဟာလည်း အမျိုးသားလုပ်ငန်းနယ်ပယ်ထဲကို တြဖေးဖြေးနဲ့ ဝင်ရောက်ကာ ရင်ဘောင်တန်းနေကြပြီပဲဖြစ်ပါတယ်။ အမျိုးသားဒီဇိုင်နာတို့၊ အမျိုးသမီးမီးသတ်အရာရှိတို့လိုမျိုးပေါ့။
ဒီလိုပဲ အမျိုးသမီးတွေဟာ ယောက်ျားသားတွေနဲ့လည်း ရင်ဘောင်တန်းအလုပ်လုပ်နိုင်ပါတယ်ဆိုတာကို ဓာတ်ပုံဆရာ Chris Crisman ကတော့သူတတ်ကျွမ်းထားတဲ့ ဓာတ်ပုံပညာနဲ့လူတွေကိုမြင်သာအောင် ပြသွားခဲ့ပါတယ်။ ဘယ်ဒေသမှာ ဘယ်အမျိုးသမီးတွေက အမျိုးသားတွေပဲလုပ်နိုင်မယ်လို့ ထင်နေကြတဲ့အလုပ်တွေကို ဘယ်လိုတာဝန်ယူလုပ်ကိုင်နေကြသလဲဆိုတာ ကြည့်လိုက်ကြရအောင်ပါနော်။
လယ်သမားတို့၊ မွေးမြူရေးခြံတို့ဆိုရင် အမျိုးသားတွေအလုပ်လို့ စိတ်ထဲမှာအလိုလိုသိနေကြပါတယ်။ ဒါပေမဲ့ Nancy Poil ဟာလည်း အမျိုးသမီးတစ်ယောက်ဖြစ်ပေမယ့်လို့ Pennsylvania ဒေသ၊ Saylorsburg က Stryker စိုက်မျိုးမွေးမြူရေးဒေသမှာ ဝက်မွေးမြူရေးကို ကိုယ်တိုင်ဦးစီးလုပ်ကိုင်နေသူတစ်ယောက်ပါ။

မီးလျှံတွေကြား ပြတ်သားတဲ့ဆုံးဖြတ်ချက်တွေ အင်အားကောင်းကောင်း၊ သတ္တိရှိစွာလုပ်ကိုင်ရတဲ့ မီးသတ်အရာရှိမလေးကတော့ Mindy Gabriel ပါတဲ့။ အိုဟိုင်းရိုးက Arlington မှာ တာဝန်ထမ်းဆောင်နေပါတယ်။

သားသတ်သမအဖြစ် Pennsylvania ပြည်နယ် Philadelphia မှာ လုပ်ကိုင်နေသူကတော့ Heather Marold Thomason ပါ။ အမျိုးသမီးသားသတ်သမားဆိုလို့ ၁၀၀ မှာ ၁ ယောက်တောင် မတွေ့ဖူးဘူးမလား။

Sadie Samuels ကတော့ ငါးဖမ်းသမားတစ်ယောက်ပါ။ အဓိကကတော့ ပုစွန်ထုပ်ဖမ်းတာပေါ့။ Maine ရဲ့ Rockport မှာ နေ့တိုင်းလိုလို သမုဒ္ဒရာထဲ သူ့စက်လှေလေးမောင်းကာ အမျိုးသားတွေ ပုစွန်ထုပ်ဖမ်းရင်း တစ်နေ့တာကိုကုန်ဆုံးလှေ့ရှိပါတယ်။


Jordan Ainsworth ကတော့ Nevada ဒေသ၊ Round Mountain က Round Mountain ရွှေတူးဖော်ရေးမှာ စက်ပစ္စည်းတွေကိုင်တွယ်နေတဲ့ mill operator တစ်ယောက်ပါ။ ကြမ်းကြမ်းတမ်းတမ်းနဲ့ စက်ပစ္စည်းတွေကိုင်တွယ်ရတာဆိုတော့ ဒီအလုပ်ကို အမျိုးသားတွေသာ လုပ်ကိုင်လေ့ရှိကြပါတယ်။

Kris Alvarez ဟာလည်း Round Mountain ရွှေတူးဖော်ရေးမှာ စီနီယာဘူမိဗေဒပညာရှင်အဖြစ် လုပ်ကိုင်နေသူတစ်ဦးပါ။ ဘူမီဗေဒပညာရှင်ဆိုတာဟာလည်း ကျောက်တွေ၊ မြေတွေကြားမှာ အိမ်နဲ့အဝေးခံပြီး ကျင်လည်နေရသူမလို့ အမျိုးသားတွေသာ လုပ်ကိုင်လေ့ရှိပါတယ်။

သူမကတော့ Leeann Johnson ပါ။ အပေါ်က အမျိုသမီးနှစ်ယောက်လိုပဲ Round Mountain ရွှေတွင်းမှာ မြေသယ်ကားကြီးတွေကို ပိုင်နိုင်စွာမောင်းနှင်နေတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။

Alison Goldblum ကတော့ Pennsylvania ဒေသက Philadelphia မှာ အိမ်ပြင်တာတွေ၊ အသစ်ဆောက်တာတွေကိုတာဝန်ယူထားတဲ့ ဒေသခံလက်သမားဆရာမအဖြစ် လုပ်ကိုင်နေပါတယ်။

Maria Nakashima ကတော့ Pennsylvania ရဲ့ New Hope မှာ သစ်သားပန်းပုပညာရှင်အဖြစ် အမျိုးသားတွေနဲ့အတူတူ လက်တွဲလုပ်ကိုင်နေခဲ့တာ သူမတစ်သက်နီးနီးရှိလို့နေပါပြီ။

Penny