Tuesday, October 3, 2023
HomeLifestyleကျောက်ကပ်မှာ ကျောက်တည်ရခြင်းရဲ့ အဓိက အကြောင်းအရင်း ၅ ချက်

ကျောက်ကပ်မှာ ကျောက်တည်ရခြင်းရဲ့ အဓိက အကြောင်းအရင်း ၅ ချက်

pixabay/saranya

ကျောက်ကပ်ဆိုတာ ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ အညစ်အကြေးတွေကို စွန့်ပစ်ပေးတဲ့ ကိုယ်တွင်းအင်္ဂါတစ်ခုဖြစ်ပြီး ဝမ်းဗိုက်အပေါ်ပိုင်းရဲ့ အနောက်ဘက်မှာ တည်ရှိတာ ဖြစ်ပါတယ်။ ကျောက်ကပ်ရဲ့ ပုံစံကတော့ ပဲစေ့ပုံစံရှိပြီး ပြွန်ငယ်တွေ၊ ဆံချည်မျှင်သွေးကြောလေးတွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတာပါ။ ကျောက်ကပ်နဲ့ ပတ်သက်ပြီး လူအများစုက သိပ်ဂရုစိုက်လေ့ မရှိသလို အရေးမကြီးတဲ့ ကိုယ်တွင်းအင်္ဂါတစ်ခုလို့တောင် ထင်ကြပါတယ်။ တကယ်တော့ ကျောက်ကပ်ဟာလည်း ခန္ဓာကိုယ်အတွက် အရေးကြီးသလို ခန္ဓာကိုယ်တွင်းမှာရှိတဲ့ အညစ်အကြေးတွေကို စွန့်ထုတ်ပေးတာကြောင့် မရှိမဖြစ်အစိတ်အပိုင်းတစ်ခုပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီနေ့မှာတော့ ကျောက်ကပ်မှာ ကျောက်တည်ရတဲ့ အကြောင်းအရင်း ၅ ချက်ကို ပြောပြပေးချင်ပါတယ်။

၁။ ရေသောက်နည်းခြင်း

လူတစ်ယောက်ဟာ ရေအသောက်နည်းရင် အဖြစ်အများနိုင်ဆုံးကတော့ ကျောက်ကပ်မှာ ကျောက်တည်တာပါပဲ။ ရေကို အလုံအလောက်မသောက်သုံးတာ ဒါမှမဟုတ် ရေအသောက်နည်းရင်တော့ အဲဒီလူရဲ့ ကျောက်ကပ်မှာ ကျောက်တည်နိုင်ဖို့ ရာခိုင်နှုန်းအလွန်များပါတယ်။

၂။ Calcium ဓာတ်မြင့်မားခြင်း

pixabay/couleur

ထုံးဓာတ်ပါတဲ့ ရေကို အမြဲလိုလို သောက်မိတဲ့ လူတော်တော်များများဟာလည်း ကျောက်ကပ်မှာ ကျောက်တည်နိုင်ပါတယ်။ ဒါ့အပြင် ကွမ်းအစားများသူတွေ၊ အထူးသဖြင့် ကွမ်းစားရင် ထုံးများများထည့်တတ်တဲ့လူတွေဟာလည်း ကျောက်ကပ်မှာ ကျောက်တည်နိုင်ပါတယ်။

၃။ မျိုးရိုးအရလည်း ကျောက်ကပ်မှာ ကျောက်တည်နိုင်ပါတယ်

ကိုယ့်ရဲ့ဆွေမျိုး ဒါမှမဟုတ် မိဘတွေဟာ ကျောက်ကပ်မှာ ကျောက်တည်တဲ့ ရောဂါရှိရင်လည်း ကိုယ်ရဲ့ ကျောက်ကပ်မှာ ကျောက်တည်နိုင်ပါတယ်။

၄။ ဆီးချိုရောဂါ အခံရှိသူတွေနဲ့ အဝလွန်ရောဂါရှိတဲ့ လူတွေလည်း ကျောက်တည်နိုင်ပါတယ်

တကယ်လို့ သင်ဟာ ဆီးချိုရောဂါရှိပြီး အဝလွန်နေတဲ့ လူတစ်ယောက်ဆိုရင်တော့ သင့်ရဲ့ကျောက်ကပ်မှာ ကျောက်တည်နိုင်တဲ့ ရာခိုင်နှုန်းတော်တော်များပါတယ်။ အဲဒီလိုရောဂါနှစ်မျိုးလုံးရှိနေရင်တော့ နီးစပ်ရာ ဆေးရုံဆေးခန်းက ဆရာဝန်နဲ့ အမြန်ဆုံးသွားပြသင့်ပါတယ်။

၅။ အသားအလွန်အကျူးစားသူတွေလည်း ကျောက်ကပ်မှာ ကျောက်တည်နိုင်ပါတယ်

pixabay/vika-imperia550

RELATED ARTICLES
- Advertisment -

Most Popular

%d bloggers like this: