Friday, April 26, 2024
HomeLifestyleမိန်းကလေး အများစု ကိုယ့်ချစ်သူဆီက လိုချင်မိတတ်ကြတဲ့ လက်ဆောင် (၅) မျိုး

မိန်းကလေး အများစု ကိုယ့်ချစ်သူဆီက လိုချင်မိတတ်ကြတဲ့ လက်ဆောင် (၅) မျိုး

pixabay/stocksnack

လက်ဆောင်ဆိုတာ လူနှစ်ယောက်ကြားမှာ အရမ်းကို အရေးပါတဲ့ ပစ္စည်းမျိုး ဖြစ်ပါတယ်။ နှစ်ယောက်ကြားမှာ သံယောဇဉ်တွေ ပိုတိုးလာစေသလို တစ်ယောက်ကို တစ်ယောက် တန်ဖိုးထားကြောင်း ပေါ်လွင်စေတဲ့အရာလည်း ဖြစ်ပါတယ်။ တကယ်ချစ်ရင် လက်ဆောင်မပေးလည်း ဖြစ်တယ်ဆိုပေမယ့် မိန်းကလေးတွေမှာ ကိုယ့်ချစ်သူဆီကနေ လိုချင်မိတဲ့ လက်ဆောင်တွေ ရှိနေတတ်ပါတယ်။ မိန်းကလေးအများစု ကိုယ့်ချစ်သူဆီက လိုချင်မိတတ်ကြတဲ့ လက်ဆောင်တွေကတော့…

(၁) လက္စြပ္

pixabay/PRISCILAFLORES

လက်စွပ်ဆိုတာ ကိုယ့်အတွက် ပေးတယ်ဆိုတာထက် စုံတွဲလက်စွပ်တွေကို မိန်းကလေးတွေက ပိုပြီး သဘောကျတတ်ပါတယ်။ ကိုယ့်ချစ်သူနဲ့ ကိုယ်က ချစ်ရတဲ့သူတွေပါဆိုတာကို ပေါ်လွင်စေတဲ့ အရာလေးလည်း ဖြစ်လို့ မိန်းကလေးတွေက သဘောကျတတ်ပါတယ်။ တန်ဖိုးကြီး လက်ဆောင် မဟုတ်လည်း မိန်းကလေးတွေက နားလည်ပေးနိုင်ပါတယ်။ ဒီခေတ်မှာ ဖန်စီလက်စွပ်လှလှလေးတွေလည်း ရှိလို့ ပျော်အောင် ဖန်တီးပေးနိုင်ပါတယ်။

(၂) ဆြဲႀကိဳး

ဖန်စီဆွဲကြိုး မျှင်မျှင်လေးတွေက ဘယ်ဝတ်စုံနဲ့မဆို လိုက်ဖက်ကြပါတယ်။ ဒီလိုမျိုး အမြဲ ဆွဲထားနိုင်မယ့် ဆွဲကြိုးလှလှလေးတွေကို ကိုယ့်ချစ်သူကောင်လေးက ကိုယ့်ဆန္ဒကို မမေးဘဲ ဝယ်ပေးလာခဲ့ရင် ပိုပြီး သဘောကျတတ်ပါတယ်။ ချစ်သူပေးတဲ့ ဆွဲကြိုးလေးက ချစ်သူကိုယ်စား အနားမှာ ရှိသလို ခံစားရစေလို့ ဒီလိုလက်ဆောင်မျိုးကိုလည်း ကောင်မလေးတွေက သဘောကျပါတယ်။

(၃) ဖိနပ္

pixabay/lan_anthem

မိန်းကလေးတော်တော်များများက ဖိနပ်နဲ့ ပတ်သတ်ရင် အရမ်းကို သဘောကျတတ်ပါတယ်။ ဘယ်ဝတ်စုံနဲ့ဆိုရင် ဘယ်ဖိနပ်နဲ့ လိုက်တယ်ဆိုပြီးတော့ ထည်လဲ စီးတတ်ကြသူတွေလည်း ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ချစ်သူကို ဖိနပ်ကောင်းကောင်းလေး တရံလောက်တော့ လက်ဆောင်ပေးသင့်ပါတယ်။ ဖိနပ်ပေးရင် အဝေးကို ထွက်ပြေးသွားစေတယ်လို့ ပြောတာတွေက တကယ် မဟုတ်ပါဘူး။ တကယ်က ကိုယ့်အချစ်တွေကို ချစ်သူကို မြင်စေတာမျိုး ဖြစ်ပါတယ်။

(၄) ချစ်သူရဲ့ အနွေးထည်

ကောင်မလေးတွေက တခါတလေ ထူးခြားတဲ့ ဆန္ဒလေးတွေ ရှိနေတတ်ကြပါတယ်။ တန်ဖိုးကြီး လက်ဆောင်မျိုး မဟုတ်ဘဲ နွေးထွေးမှုကို ပေးတဲ့ လက်ဆောင်မျိုးကို လိုချင်တတ်ကြပါတယ်။ ကိုယ့်ချစ်သူနဲ့ အနွေးထည်ကို ယူဝတ်ရင်းနဲ့ ကိုယ့်ဆီမှာပဲ သိမ်းထားချင်မိတာမျိုးပေါ့။ ဒီလိုမျိုး လက်ဆောင်ကလည်း ရိုမန့်တစ်ဆန်ပြီး သူ့ကို ရင်ခုန်သွားစေမှာ ဖြစ်ပါတယ်။

(၅) သစၥာရွိမႈ

pixabay/takmoemeo

မိန်းကလေး အများစု အလိုချင်ဆုံး လက်ဆောင်တစ်ခုက ကိုယ့်ချစ်သူက ကိုယ့်အပေါ် ချစ်ခင်ရုံသာမကပဲ သစ္စာရှိပေးတာမျိုး ဖြစ်ပါတယ်။ တခြားမိန်းကလေးတစ်ယောက်ကို နည်းနည်းတောင် စိတ်မယိုင်ဘဲ ကိုယ့်ကို ချစ်ပေးနေတဲ့ လက်ဆောင်လောက် အဖိုးတန်တာမျိုး မရှိတော့ပါဘူး။ ဒီလက်ဆောင်လေး ပေးမယ်လို့ ပြောလိုက်တဲ့အခါ သင့်ချစ်သူ မိန်းကလေးလည်း ကျေနပ်နေမိမှာ ဖြစ်ပါတယ်။

Kham

RELATED ARTICLES
- Advertisment -

Most Popular

Discover more from SHWEMOM | Knowledge is Power

Subscribe now to keep reading and get access to the full archive.

Continue reading