Saturday, April 27, 2024
HomeEntertainmentစရိုက်မတူတဲ့ဆရာဝန်နှစ်ယောက်အကြောင်း စိတ်ကူးယဉ်ဇာတ်လမ်းတွဲ Ghost Doctor

စရိုက်မတူတဲ့ဆရာဝန်နှစ်ယောက်အကြောင်း စိတ်ကူးယဉ်ဇာတ်လမ်းတွဲ Ghost Doctor

Ghost Doctor ဇာတ်လမ်းတွဲဟာ ဆန့်ကျင်ဘက်အကျင့်စရိုက်တွေကို ပိုင်ဆိုင်ထားကြပြီး ကျွမ်းကျင်မှုအပြည့်ရှိတဲ့ မတူညီတဲ့ဆရာဝန်နှစ်ယောက်ကြား ဇာတ်လမ်းပုံစံကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ Cha Young-min (Rain) ဟာ အရမ်းကိုထူးချွန်တဲ့ ဆရာဝန်တစ်ဦးဖြစ်ကာ ကျွမ်းကျင်တဲ့နှလုံးသွေးကြောဆိုင်ရာ ခွဲစိတ်ဆရာဝန်တစ်ဦးဖြစ်ပေမယ့် မာနကြီးပြီး တစ်ကိုယ်ကောင်းဆန်သူတစ်ယောက်လည်း ဖြစ်ပါတယ်။

pinterest

Go Seung-tak (Kim-Bum) က အရမ်းကောင်းမွန်တဲ့ ဆေးဘက်ဆိုင်ရာ အသိပညာတွေကို ပိုင်ဆိုင်ထားတဲ့ ဆရာဝန်တစ်ယောက်ဖြစ်ပေမယ့် သွေးကို ကြောက်တတ်တာကြောင့် ဒါကသူ့အတွက် အဟန့်အတားတစ်ခုလို ဖြစ်နေခဲ့ပါတယ်။ တစ်နေ့မှာတော့ Young-min ဟာ မထင်မှတ်ထားတဲ့ အဖြစ်အပျက်တစ်ခုကြောင့် မတော်တဆမှုတစ်ခုဖြစ်ခဲ့ပြီး သူ့ခန္ဓာကိုယ်ကနေ ဝိညာဉ်ထွက်သွားကာ Go Seung-tak ရဲ့ ခန္ဓာကိုယ်ထဲကို ပူးကပ်သွားခဲ့တာပါ။ ဒီထူးဆန်းတဲ့အဖြစ်အပျက်ကြောင့် သူတို့နှစ်ယောက်ရဲ့ ပင်ကိုစရိုက်တွေက ဘယ်လိုမျိုးပြောင်းလဲလာပြီး ဘယ်လိုမျိုးထူးခြားဆန်းကြယ်မှုတွေ ဖြစ်ပေါ်လာမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် စိတ်ကူးယဉ်ဆေးဘက်ဆိုင်ရာ ဒရာမာဇာတ်လမ်းတွဲ တစ်ခုပဲဖြစ်ပါတယ်။

pinterest

Ghost Doctor ဇာတ်လမ်းတွဲကို ဒါရိုက်တာ Boo Seong-cheol မှရိုက်ကူးထားပြီး Rain, Kim Bum, Uee နဲ့ Son Na-eun တို့က အဓိကပါဝင်ထားကြပါတယ်။ ဒီဇာတ်လမ်းတွဲဟာ 2022 ခုနှစ် ဇန်နဝါရီလတွင် ထုတ်လွှင့်ပြသခဲ့တာဖြစ်ပြီး စုစုပေါင်း အပိုင်း 16 ပိုင်းပါဝင်ထားတာ ဖြစ်ပါတယ်။

Ghost Doctor ဇာတ်လမ်းတွဲလေးကို https://www.viu.com/ott/mm/mya/all/ တွင် ကြည့်ရှုနိုင်ပါပြီ။

RELATED ARTICLES
- Advertisment -

Most Popular

Discover more from SHWEMOM | Knowledge is Power

Subscribe now to keep reading and get access to the full archive.

Continue reading