Wednesday, October 4, 2023
HomeLifestyleဗိုက်ထဲမှာ အစာမရှိပဲ ကော်ဖီသောက်ရင် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးများ

ဗိုက်ထဲမှာ အစာမရှိပဲ ကော်ဖီသောက်ရင် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးများ

freepik/master130

ကော်ဖီသောက်ခြင်းဖြင့် ရလာမယ့် အကျိုးကျေးဇူးတွေ အများကြီး ရှိပါတယ်။ဒါပေမယ့် ဗိုက်ထဲမှာ အစာမရှိပဲ အထူးသဖြင့် မနက်စောစောအချိန်မျိုးတွေမှာ အစာမရှိပဲ ကော်ဖီသောက်ရင်တော့ ကျန်းမာရေးကို အများကြီး ထိခိုက်စေ၊ ဆိုးကျိုးတွေ အများကြီး ရှိပါတယ်။ Nevada-Reno တက္ကသိုလ်မှ အဖွဲ့တစ်ဖွဲ့ကနေ မဝေးတော့တဲ့ အနာဂတ်မှာ ကော်ဖီစေ့ကို biodiesel အဖြစ် အသုံးပြုနိုင်တယ်ဆိုတဲ့အချက်ကို တွေ့ခဲ့ပါတယ်။ ကားမီးခိုးငွေ့တွေက ကော်ဖီနံ့တွေ ထွက်လာနိုင်မယ့် အနေအထားမျိုးပါ။ အဲဒီအဖွဲ့ကနေ မနက်အစောပိုင်းမှာ ပထမဆုံးသောက်တဲ့ ကော်ဖီတစ်ခွက်က ဗိုက်ထဲမှာ လောင်စာ တစ်ခုလည်း ဖြစ်သွားနိုင်ပါတယ်။ ဆရာဝန်တွေကတော့ ကော်ဖီသောက်ဖို့ အကောင်းဆုံးအချိန်က မနက် (၉)ခွဲကနေ မနက် ၁၁ ခွဲ အတွင်းလို့ အဆိုပြုကြပါတယ်။ ဗိုက်ထဲမှာ အစာမရှိပဲ ကော်ဖီ သောက်မိရင် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေကို Brightside မှာ အခုလို ဖော်ပြထားပါတယ်။

သကြားဓါတ်ကို မြင့်တက်စေ

pixabay/photomix-company

မနက်စောစော အစာမရှိပဲ ကော်ဖီ သောက်လိုက်မိရင်တော့ ဆဲလ်တွေက သွေးတွင်း သကြားဓါတ်ကို ထိန်းညှိပေးတဲ့ နေရာမှာ သွားပြီး အခက်တွေ့စေပါတယ်။ ဒီဖြစ်ရပ်ရဲ့ နောက်ဆက်တွဲကြောင့် ရောဂါ အမျိုးမျိုး ဖြစ်စေပါတယ်။ ဝိတ်တက်လာတာ၊ အရေပြားမှာ Infection ဝင်တာမျိုးတွေအထိပါ ဖြစ်လာစေပါတယ်။

ပိုအိပ်ချင်လာနိုင်

ကော်ဖီ သောက်တယ်ဆိုတာ လန်းဆန်းတက်ကြွဖို့ပါ။ ဒါပေမယ့် အစာမရှိတဲ့ ဗိုက်ထဲကို ကော်ဖီ ဖြည့်လိုက်မယ်ဆိုရင် တော့ ဆန့်ကျင်ဘက်ရလဒ် ရသွားနိုင်ပါတယ်။ Caffeine တွေက stress hormones level တွေကို ပိုတိုးသွားစေပြီး အိပ်ချင်စိတ်တွေ ပေါက်သွားစေ၊ မောပန်းနွမ်းနယ် သွားစေနိုင်ပါတယ်။ မနက်စောစော ဗိုက်ထဲမှာ အစာမရှိပဲ cappuccino တစ်ခွက်ကို သကြားရောပြီး သောက်လိုက်မယ်ဆိုရင် ခဏအကြာမှာ လူက အိပ်ချင်သွားတာမျိုးတွေ ဖြစ်စေပါတယ်။ blood glucose levels တွေ ကျသွားပြီး ပင်ပန်း အားအင်ကုန်ခန်းသလို ဖြစ်သွားလို့ အဲဒီလို ခံစားရတာပါ။

Minerals သတ္တုဓါတ်တွေကို လျင်မြန်စွာ ကုန်ခန်းစေ

pixabay/1465301

လူ့ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ Minerals သတ္တုဓါတ်တွေကို လျင်မြန်စွာ ကုန်ခန်း စေနိုင်ပါတယ်။ မနက်စောစော ကော် ဖီကို သောက်မယ်ဆိုရင်တော့ လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ ကုန်ခန်းသွားစေနိုင်ပါတယ်။ အစာမရှိပဲ ကော်ဖီ သောက်လိုက်ရင်တော့ iron, magnesium နဲ့ ဗီတာမင်ဘီတို့ကို စုပ်ယူသွားပြီး လျင်မြန်စွာ ကုန်ခန်းသွားမှာပါ။ caffeine ဓါတ် သိပ်များသွားရင်တော့ အရိုးထဲမှာရှိတဲ့ Calcium ကို မြန်မြန် ကုန်ခန်းစေကာ အရိုးသန်မာမှု အားနည်းတာမျိုးတွေ ဖြစ်စေပါတယ်။

အစာအိမ်ကို ထိစေ

မနက်စောစောမှာ ဘာမှမစားဘဲနေတာ၊ ကော်ဖီလေးတစ်ခွက်ပဲ သောက်တာမျိုးတွေ လုံးဝမလုပ်ပါနဲ့။ ကြာလာရင် အစာ အိမ် ထိစေနိုင်ပါတယ်။ ကော်ဖီမှာပါတဲ့ caffeine ဓါတ်က အာရုံကြောစနစ်ကို နှိုးဆွပေးနိုင်ပါတယ်။ ဒါပေမယ့် ဗိုက်ထဲမှာ အစာမရှိပဲ သောက်ရင်တော့ အူမကြီးကို သွားထိခိုက်ကာ ဝမ်းလျှောတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် အစာခြေစနစ်ကိုပါ သွားပြီး ထိခိုက်စေကာ အစာအိမ်နာတာ၊ အောင့်တာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။

ဝိတ်တက်စေ

Black Coffee က ဝိတ်ကျစေပေမယ့် အစာမရှိပဲ သောက်ရင်တော့ ဝိတ်တက်စေပါတယ်။ Black Coffee က အိပ်စက် ခြင်းကို ထိခိုက်စေပါတယ်။ အိပ်ရေးပျက်တာများရင် အချိုကို ပိုတောင့်တတတ်ပါတယ်။ တောင့်တတဲ့အချိုတွေ၊ Energy Drinks တွေကို သောက်ပါများရင်တော့ ဝိတ်တက်လာစေပါတယ်။

အသားခြောက်စေ

ကော်ဖီက ခန္ဓာကိုယ်ကို ရေဓါတ် မလုံလောက်တာမျိုးတွေ ဖြစ်စေပါတယ်။ တချို့ ရေသောက်နည်းပြီး ကော်ဖီအသောက်များရင် ပိုဆိုးပါတယ်။ ရေဓါတ်မလုံလောက်တာများရင်တော့ အဆိပ်အတောက်တွေကို မဖယ်ရှားနိုင်တော့ပဲ အသားအရေ ကြည်လင် စိုပြေလှပတာမျိုးတွေမရှိပဲ အသားခြောက် အသားပတ်တာတွေ ရှိလာနိုင်ပါတယ်။ အသားခြောက်ခြင်းရဲ့ နောက်ဆက်တွဲကတော့ အရွယ်မတိုင်ခင် အရေးအကြောင်းတွေ ဖြစ်ပေါ်စေပါတယ်။

RELATED ARTICLES
- Advertisment -

Most Popular

%d bloggers like this: