Wednesday, October 4, 2023
HomeUncategorizedအိပ်ဆေးသုံးခြင်းဟာ တစ်နေ့ကို ဆေးလိပ်တစ်ဘူး သောက်လိုက်ရသလိုပင် အန္တရာယ်များဟုဆို

အိပ်ဆေးသုံးခြင်းဟာ တစ်နေ့ကို ဆေးလိပ်တစ်ဘူး သောက်လိုက်ရသလိုပင် အန္တရာယ်များဟုဆို

ကျွမ်းကျင်ပညာရှင်တွေက အိပ်ဆေး အလွန်အကျွံသုံးစွဲသူများကို သတိပေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ သူတို့ရဲ့ အဆိုအရ အိပ်ဆေး သောက်ခြင်းဟာ တစ်နေ့ကို စီးကရက်တစ်ဘူးသောက်လိုက်သလို ဖြစ်စေပြီး၊ အလွန်အန္တရာယ်များကြောင်း သတိပေးခဲ့ပါတယ်။

လူတစ်ယောက်ရဲ့ စိုးရိမ်ဖွယ်ရာ ကျန်းမာရေးပြဿနာတိုင်းဟာ အိပ်ဆေးသောက်ခြင်းရဲ့ သက်သေတစ်ခု ဖြစ်ပြီး၊ ကင်ဆာ၊ လေဖြတ်ခြင်း၊ နှလုံးခုန်ရပ်ခြင်းနဲ့ နှလုံးရောဂါတွေရဲ့ အရင်းအမြစ်ဖြစ်ကြောင်း သိရပါတယ်။ Arizona State University မှ ဒေါက်တာ Shawn Youngstedt က အိပ်လို့မရလို့ အိပ်ဆေးသောက်ခြင်းထက် လေ့ကျင့်ခန်း တစ်ခုခု လုပ်ခြင်းက ပိုပြီးထိရောက်ကြောင်း၊ ကျန်းမာရေးနဲ့ ညီညွတ်ကြောင်း ဆိုပါတယ်။

light people night smartphone
Photo by cottonbro on Pexels.com

ကိုယ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုတွေ၊ အားကစားတွေဟာ အိပ်ဆေးနဲ့ ဆန့်ကျင်ဘက် အကျိုးကျေးဇူးကို ပေးစွမ်းပြီး၊ စိတ်ဖိအား များ၊ ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်များအပြင် ကင်ဆာ၊ နှလုံး၊ သွေးတိုး၊ ဆီးချို စတဲ့ရောဂါတွေကို ကြိုတင်ကာကွယ်နိုင်ကြောင်း၊ ဒါ့အပြင် ကောင်းမွန်စွာအိပ်စက်ခြင်းကို အလိုလိုရရှိမှာ ဖြစ်ကြောင်း အကြံပြုထားပါတယ်။

အိပ်ဆေးကို လိုအပ်သည်ဖြစ်စေ မလိုအပ်သည်ဖြစ်စေ မသုံးသင့်ကြောင်း၊ စီးကရက်တစ်လိပ် နှစ်လိပ် သောက်လိုက်တာ
ထက်ပင် မကဘဲ၊ တစ်နေ့ကို စီးကရက်တစ်ဘူးသောက်လိုက်ရသလိုပင် အန္တရာယ်များလွန်းလို့ အခု သိရှိပြီးချိန်မှစပြီး ရပ်လိုက်သင့်ကြောင်း Shawn က ဆိုပါတယ်။

woman fingers holding pill
Photo by Heloisa Vecchio on Pexels.com

Shawn က CNN သတင်းဌာနနဲ့ တွေ့ဆုံစဉ်မှာ ” အိပ်ဆေးဆိုတာက ကျန်းမာရေးကို ဆိုးဆိုးဝါးဝါး ထိခိုက်စေတဲ့အရာဆိုတာ သေချာပါတယ် .. ဘယ်လောက်အထိ ဆိုးသလဲဆိုရင် တစ်နေ့ကို စီးကရက်တစ်ဘူး သောက်တာနဲ့တောင် တူညီပါတယ် .. “လို့ ပြောခဲ့တာပါ။

နောက် အိပ်စက်တဲ့ပျော်ဝင်မှုကို တိုးတက်စေလိုပါက အခန်းထဲမှာ မီးခပ်လင်းလင်းလေး ထွန်းထားသင့်ကြောင်း၊ အလင်း ရောင်ကွဲပြားမှုဟာ ခန္ဓာကိုယ်ရဲ့ သွေးလည်ပတ်မှုကို ပုံမှန်အတိုင်း တည်ငြိမ်စေပြီး၊ အလွယ်တကူ အိပ်စက်စေနိုင်ကြောင်း၊ အိပ်ခါနီးမှာ အစာများများ စားမထားသင့်ကြောင်း၊ အချိန်မှန်အိပ်၊ အချိန်မှန် အိပ်ရာထပါက အိပ်စက်ခြင်းဟာ ကျန်းမာရေးနဲ့ ညီညွတ်စွာ အထာကျသွားမည် ဖြစ်ကြောင်း အကြံပေးထားပါတယ်။

RELATED ARTICLES
- Advertisment -

Most Popular

%d bloggers like this: