သွားတိုက်တံဆိုတာ လူတိုင်းရဲ့ နေ့စဉ်သုံးပစ္စည်းတစ်ခုပါ။ လူတော်တော်များများကတော့ သွားတိုက်တံတစ်ချာင်းကနေ ဘာမှ မကူးနိုင်ဘူးလို့ ထင်ကြပါလိမ့်မယ်။ ဒါပေမယ့် သေချာစဉ်းစားကြည့်ပါ။ ပြင်ပကနေ ရောဂါပိုးတွေ၊ မမြင်ရတဲ့ ဘက်တီးရီးယားတွေကို ခန္ဓာကိုယ်အတွင်းထဲထိ တိုက်ရိုက်ဝင်နိုင်တဲ့နေရတာ ခံတွင်းကပါပဲ။ ဒီခံတွင်းကို နေ့စဉ်သန့်ရှင်းရေးလုပ်ပေးရတာ သွားတိုက်တံကနေပါပဲ။ ဒါ့ကြောင့် သွားတိုက်တံတစ်ချောင်းကို ဘယ်လိုသန့်ရှင်းအောင်ထားပြီး ဘက်တီးရီးယားရောဂါပိုးတွေ မကူးစက်နိုင်အောင် ဘယ်လို ကာကွယ်ရမလဲဆိုတာကို Insider သတင်းဌာနရဲ့ ဖော်ပြချက်တစ်ချို့ကို ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်။

သွားတိုက်တံကို အသုံးမပြုမီနဲ့ အသုံးပြုပြီး လက်ကို ဆပ်ပြာနဲ့ စင်ကြယ်စွာ ဆေးကြောပါ
ပထမဦးဆုံးအနေနဲ့ သွားတိုက်တံကို မကိုင်ခင် လက်ကို ဆပ်ပြာနဲ့ အနည်းဆုံး စက္ကန့် ၂၀ လောက် သေသေချာချာ ဆေးကြောပါ။ ဘာကြောင့်လဲဆိုတော့ ကိုယ်လက်မှာ မမြင်ရတဲ့ ရောဂါပိုးမွှားလေးတွေက သွားတိုက်တံကနေတစ်ဆင့် ခံတွင်းထဲ ဝင်သွားနိုင်လို့ပါ။ ဒါ့အပြင် ကိုယ်သွားတိုက်ပြီးရင် သွားတိုက်တံကို လက်နဲ့ပွန်ပြီး ဆေးလေ့ရှိပါတယ်။ အဲဒီလိုဆေးပြီးရင်လည်း ကိုယ့်လက်ကို ဆပ်ပြာနဲ့ နောက်တစ်ကြိမ် ပြန်ဆေးတာ အကောင်းဆုံးပါပဲ။

သွားတိုက်ပြီးတိုင်း သွားတိုက်တံကို သေချာဆေးကြောပြီး လုံခြုံစွာသိမ်းပါ
လူတော်တော်များများက သွားတိုက်ပြီးတာနဲ့ သွားတိုက်တံကို ရေစိုစိုကြီးနဲ့ ခွက်ထဲ ဒါမှမဟုတ် အံဆွဲထဲကို ထည့်ထားလေ့ရှိပါတယ်။ အင်မတန်မှားယွင်းတဲ့ လုပ်ရပ်ဖြစ်ပြီး အရမ်းအန္တရာယ်များပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘတ်တီးရီးယားတွေဟာ စိုစွတ်တဲ့နေရာကို အကြိုက်ဆုံးမို့လို့ပါပဲ။ ဒါကြောင့် သွားတိုက်ပြီးတိုင်း သွားတိုက်တံကို ခြောက်သွေ့အောင်ထားတာ အကောင်းဆုံးပါပဲ။ ခြောက်သွေ့နေတဲ့နေရာတွေမှာ ဘက်တီးရီးယားတွေ လုံးဝမနေနိုင်ပါဘူး။

သြားတိုက္တံကို ပိုးသတ္ပါ
သွားတိုက်တံကို ပိုးသတ်ဖို့ လူတော်တော်များများက မေ့နေတတ်ပါတယ်။ တစ်ချို့ဆိုရင် သွားတိုက်တံက အတံလေးတွေ ကျွတ်မှ သွားတိုက်တံကို လွှင့်ပစ်တတ်ကြပါတယ်။ သွားတိုက်တံတစ်ချောင်းကို အနည်းဆုံး ၃ လမှ အများဆုံး ၄ လအထိသာ အသုံးပြုသင့်ပါတယ်။ သွားတိုက်တံကို ပိုးသတ်မယ်ဆိုရင်တော့ အကောင်းဆုံးက ရေနွေးပူပူထဲမှာ စိမ်ထားပြီး ပြန်ခြာက်သွေ့အောင်ထားခြင်း၊ Alcohol, Menthol, Eucalyptol တို့ဖြင့် ပိုးသတ်ခြင်းတို့ပဲ ဖြစ်ပါတယ်။
ခရီးသွားတဲ့အခါ သွားတိုက်တံကို လုံခြုံစွာသီးသန့်ထုပ်ထားပါ
ဒါကတော့ လူတိုင်း ခရီးသွားမယ်ဆိုရင် သွားတိုက်တံကို ဒီအတိုင်း ထိုးထည့်တတ်ပါတယ်။ အဲဒီလိုမလုပ်ပဲနဲ့ သွားတိုက်တံဘူးလေးနဲ့ပဲဖြစ်ဖြစ်၊ အိတ်တစ်အိတ်ထဲမှာ ဖြစ်ဖြစ် သီးသန့်ထည့်ပြီး ယူသွားသင့်ပါတယ်။ ဒီအတိုင်းမဟုတ်ရင်တော့ ကိုယ်သွားတိုက်တဲ့အချိန်မှာ ကိုယ့်ခ့တွင်းထဲကို သန်းပေါင်းများစွာသော ဘက်တီးရီးယားရောဂါပိုးတွေ ဝင်လာနိုင်ပါတယ်။
Pyi Hein Kyaw