Wednesday, October 4, 2023
HomeLifestyleရေဆင်းပေါက်ကြောင့် သောကမရောက်ချင်ရင် ဒီလိုပစ္စည်းတွေကို သတိထားပါ

ရေဆင်းပေါက်ကြောင့် သောကမရောက်ချင်ရင် ဒီလိုပစ္စည်းတွေကို သတိထားပါ

pixabay/brett_hondow

ထမင်းဟင်းချက်နေတုန်းပဲဖြစ်ဖြစ်၊ တစ်ခုခုအလျင်စလိုလုပ်နေတုန်းမှာပဲဖြစ်ဖြစ် တစ်ခါတလေ လူတွေဟာ ရေဆင်းပေါက်ကို အမှိုက်ပုံးလိုအသုံးပြုတတ်ကြပါတယ်။ ဒါပေမဲ့ ရေဆင်းပေါက်ထဲမထည့်သင့်တဲ့ တချို့အရာတွေလည်း ရှိနေပါသေးတယ်။ ဘယ်လိုအရာတွေကို ရေဆင်းပေါက်ထဲမထည့်မိအောင် ရှောင်ကြဉ်ရမလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

pixabay/Imageparty

ဆန်တွေဟာ ရေကိုစုပ်ယူပြီး ပိုက်တွေကိုပိတ်ဆို့စေပါတယ်။ မချက်ရသေးတဲ့ ဆန်စိမ်းတွေကို ရေဆင်းပေါက်တွေထဲ မစွန့်ပစ်သင့်ပါဘူး။ ဆန်စေ့တွေဟာ ရေတွေစိုတဲ့အခါ ပွပြီး အပုံလိုက်စုကာ ရေပေါက်ပိတ်ဆို့စေနိုင်ပါတယ်။

ကြက်ဥ ဘဲဥခွံတွေဟာ နူးညံ့ပြီး ကျိုးကြေလွယ်တယ်လို့ ထင်စရာရှိပါတယ်။ ဒါပေမဲ့ ဥခွံတွေဟာ ရေဆင်းပိုက်တွေကို ဒုက္ခပေးနိုင်ပါတယ်။ ရေစိုတဲ့အခါ ဥခွံတွေဟာ စေးကပ်ပြီး ပိုက်မှာကပ်တွယ်ထားတတ်ကြပါတယ်။ တကယ်လို့ ကပ်ပါများရင် ဥခွံတွေကိုခွာထုတ်ရတာ ခက်ခဲသွားတတ်ပါတယ်။

ကစီဓာတ်များတဲ့ ပါစတာခေါက်ဆွဲတွေဟာလည်း ရေဆင်းပိုက်တွေအတွက် အန္တရာယ်ရှိပါတယ်။ ခေါက်ဆွဲတွေဟာ ရေနဲ့ထိတဲ့အခါ ပိုပွလာပြီး ပိုက်တွေမှာပိတ်ဆို့တတ်ပါတယ်။ ပါစတာတွေပိတ်ဆို့တာကို ဖြေရှင်းဖို့ ရေဆင်းပိုက်ထဲကို ရေနွေးပူပူလောင်းချပေးနိုင်ပါတယ်။ ဒါ့အပြင် ပါစတာပျော်ဆင်းသွားအောင် ရှာလကာရည်နဲ့ မုန့်ဖုတ်ဆော်ဒါ ရောပြီး ပိုက်ထဲလောင်းချလို့လည်း ရနိုင်ပါတယ်။

pixabay/Mikes-photography

ဟင်းချက်ဆီတွေကိုလည်း ရေပိုက်ထဲ ထည့်မသွန်မိအောင် သတိထားပေးပါ။ ဆီတွေဟာလည်း ရေပိုက်တွေထဲမှာ တွယ်ကပ်နိုင်ပြီး အချိန်ကြာလာတာနဲ့အမျှ ရေပိုက်မှာပိတ်ဆို့စေနိုင်ပါတယ်။ ဟင်းချက်ဆီအကြွင်းအကျန်တွေကို ခွက်တစ်ခုထဲ ဒါမှမဟုတ် စက္ကူနဲ့သုတ်ပြီးမှ ဆေးကြောတာကတော့ အကောင်းဆုံးပဲဖြစ်ပါတယ်။

အိမ်သုတ်ဆေးတွေကိုလည်း ရေဆင်းပေါက်ထဲကို မစွန့်ပစ်သင့်ပါဘူး။ သုတ်ဆေးတွေထဲမှာ ဓာတုပစ္စည်းတွေပါတဲ့အတွက် ရေနဲ့မြေကြီးကို အဆိပ်အတောက်ဖြစ်စေနိုင်ပါတယ်။ ဆေးတွေခြောက်သွားတဲ့အခါမှာလည်း ပိုက်ပေါက်တွေထဲ ပိတ်ဆို့နိုင်တာဖြစ်တဲ့အတွက် ဒီလိုပစ္စည်းမျိုးတွေကို ဂရုတစိုက်စွန့်ပစ်ကြဖို့ ဖော်ပြပေးလိုက်ပါတယ်။

RELATED ARTICLES
- Advertisment -

Most Popular

%d bloggers like this: