Saturday, April 27, 2024
HomeLifestyleအောင်မြင်သူတိုင်းမှာရှိတဲ့ တူညီသောအရည်အချင်းများ

အောင်မြင်သူတိုင်းမှာရှိတဲ့ တူညီသောအရည်အချင်းများ

ဘဝမှာ အောင်မြင်ချင်ပါသလား … ?။ အောင်မြင်ချင်တယ်ဆိုရင် … သင့်အရင်က အောင်မြင်သွားသူတွေရဲ့ အပြုအမူကောင်းတွေကို သိထားဖို့ လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ အောင်မြင်ပေါက်မြောက်သွားသူတိုင်းမှာ တူညီတဲ့ အရည်အချင်းတွေက ရှိနေလို့ပါ။ ဒါကြောင့် သင့်အနေနဲ့ အောင်မြင်ချင်ရင် အဲဒီခြေရာတွေကို နင်းနိုင်ရမှာ ဖြစ်ပါတယ်။ အောင်မြင်သူတိုင်းမှာရှိတဲ့ တူညီတဲ့အရည်အချင်း (၅)ခုကို မျှဝေပေးလိုက်ပါတယ်။

(၁) နေ့စဉ်လက်တွေ့လုပ်ဆောင်မှု

people discuss about graphs and rates
Photo by fauxels on Pexels.com

အောင်မြင်သူတွေမှာ မအောင်မြင်ခင်ကတည်းက လက်တွေ့လုပ်ဆောင်မှု အမျိုးမျိုး၊ အပတ်တကုတ် ကြိုးစားခဲ့ရမှု အထွေထွေကို ရင်းနှီးခဲ့ကြရပါတယ်။ အလုပ်ပေါင်းမြောက်များစွာဟာ သူတို့အောင်မြင်ဖို့အတွက် ဗဟုသုတကုန်ကြမ်းတွေ ဖြစ်ပြီး၊ အဲဒီကုန်ကြမ်းတွေကိုလည်း ထိရောက်မှန်ကန်စွာ အသုံးချတတ်ကြပါတယ်။

(၂) မြင့်မားတဲ့ရည်မှန်းချက်

အောင်မြင်ဖို့အတွက် အခြေခံလိုအပ်ချက်ကတော့ မြင့်မားတဲ့ ရည်မှန်းချက် ထားရှိရမှာ ဖြစ်ပါတယ်။ ပြီးတော့ ဖြစ်လည်း
ဖြစ်နိုင်တဲ့ ရည်မှန်းချက်မျိုး ဖြစ်သင့်ပါတယ်။ မသေဆေးရှာတွေ့ကို တွေ့စေရမယ်-ဆိုတဲ့ ရူးကြောင်မူးကြောင် ရည်မှန်း
ချက်မျိုး မဖြစ်ရပါဘူး။ ကိုယ့်ရည်မှန်းချက်အတွက်လည်း မှန်ကန်တဲ့ အားထုတ်မှု၊ ကြိုးစားမှု၊ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ရမှာ ဖြစ်ပါတယ်။ ဘာမှမလုပ်ဘဲ ရည်မှန်းချက် ရှိရုံသက်သက်နဲ့တော့ မအောင်မြင်နိုင်ပါ။

(၃) အလုပ်ကို မပျက်ကြိုးစားခြင်း

a man studying inside the library
Photo by Yaroslav Shuraev on Pexels.com

ရည်မှန်းချက် အောင်မြင်ဖို့အတွက် အလုပ်ကြိုးစားဖို့ လိုပါတယ်။ အက်ဒီဆင်ဟာ မီးလုံးတစ်လုံး တီထွင်နိုင်ဖို့ အကြိမ်ပေါင်း တစ်ထောင်လောက် စမ်းသပ်မှုတွေ လုပ်ခဲ့ရပါတယ်။ လီယိုနာဒိုဒါဗင်ချီဟာလည်း မိုနာလီဇာပန်းချီကားအတွက် ဆယ်စုနှစ်တစ်ခုစာ အချိန်ပေးခဲ့ရပါတယ်။ မကြိုးစားဘဲ မအောင်မြင်နိုင်ပါ။

(၄) သူတို့ကိုယ်သူတို့ ဂရုစိုက်တယ်

အောင်မြင်တဲ့သူတွေဟာ သူတို့ကိုယ်သူတို့ ဂရုစိုက်တယ်ဆိုတာက သူတို့မှာ ဘာအားနည်းချက်တွေ ရှိသလဲ၊ ဘယ်အပိုင်းမှာ ပိုတော်သလဲ၊ ဘယ်အရာမှာတော့ ညံ့သလဲဆိုတာ ကိုယ့်ဘာသာ အမြဲအကဲဖြတ်နေပါတယ်။ ဒါကြောင့် တော်ရုံအောင်မြင်မှုလောက်နဲ့တော့ သူတို့ဟာ ကိုယ့်ကိုယ်ကို ဂရုစိုက်နေရတာနဲ့ ဂုဏ်ယူရကောင်းမှန်း မသိကြပါဘူး။ ဒါကြောင့်လည်း ဒီထက်မက အောင်မြင်သွားတာပေါ့။

(၅) ပေးဆပ်ခြင်း၏တန်ဖိုးကို ကောင်းကောင်းသိတယ်

သူတို့ဟာ ပေးဆပ်ခြင်းရဲ့တန်ဖိုးကို ကောင်းကောင်း သိရှိခဲ့သူတွေ ဖြစ်ပါတယ်။ ဒါကြောင့် ဘယ်ဟာကို ပိုဦးစားပေးရမလဲဆိုတာကို တွက်ချက်နိုင်ပြီး၊ ဘယ်သူ့ကိုတော့ ဘယ်လိုဆက်ဆံရမယ်၊ ဘာကို ဘယ်လိုရအောင်ယူရမယ်၊ ဘယ်အတွက်တော့ ဘယ်လောက် ရင်းနှီးမြှုပ်နှံသင့်တယ်ဆိုတာကို အလိုအလျောက် တွက်ချက်ထားပြီးသား ဖြစ်ပါတယ်။ စဉ်းစားချင့်ချိန်နိုင်စွမ်း ကြီးမားကြသူတွေ ဖြစ်ပါတယ်။

RELATED ARTICLES
- Advertisment -

Most Popular

Discover more from SHWEMOM | Knowledge is Power

Subscribe now to keep reading and get access to the full archive.

Continue reading