
လူတိုင်းက ပျော်ရွှင်နွေးထွေးတဲ့ မိသားစုဘဝကို လိုချင်ကြသူတွေချည်းပါပဲ။ မိဘတွေအနေနဲ့လည်း ကိုယ့်သားသမီးအတွက် စိတ်လုံခြုံမှုကို ပေးချင်ကြပါတယ်။ ယနေ့ခေတ်မှာတော့ မိသားစုဘဝကို သက်ရောက်မှုတွေက အကောင်းဘက်ကထက် အဆိုးဘက်ကနေသာ ပိုများလာပါတယ်။ ဒါဆို အိမ်ထောင်ကို ဦးစီးနေကြတဲ့ ဇနီးမောင်နှံတွေအတွက် ပျော်ရွှင်ကျန်းမာတဲ့ မိသားစုကို ဘယ်လိုတည်ဆောက်မလဲဆိုတာ ပြောပြပေးချင်ပါတယ်။
(၁) အိမ်ပြန်လာသူကို ကြိုဆိုရာဝယ်

ခင်ပွန်းပြန်လာတာကို ဇနီးက ဆီးကြိုတာဖြစ်စေ၊ ဇနီးပြန်လာတာကို ခင်ပွန်းက ဆီးကြိုတာဖြစ်စေ အရင်ဆုံး နွေးထွေးတဲ့ အပြုံး၊ ချိုသာတဲ့ စကား၊ ကူညီလိုတဲ့ လက်တစ်စုံနဲ့ အသင့်စောင့်နေဖို့ လိုအပ်ပါတယ်။ အလုပ်က ပြန်ရောက်လာသူကို စိတ်ရှုပ်ရမယ့် အကြောင်းအရာတွေ၊ အငြင်းပွားစရာတွေ၊ မကျေနပ်မှုတွေ ပြောဖို့ထက် အရင်ဦးဆုံး ပြန်ရောက်လာသူ ပျော်ရွှင်သွားစေမယ့် အပြုအမူ အပြောအဆိုကိုသာ ပြောသင့် လုပ်သင့်ပါတယ်။ ဒါဟာ မိသားစုနွေးထွေးမှုကို ပျိုးထောင်ပေးတဲ့ အလေ့အကျင့်တစ်ခုပါ။
(၂) လျှို့ဝှက်ချက်ဆိုရင်
လောကကြီးမှာ ကိုယ်အယုံကြည်ရဆုံး၊ အားအကိုးရဆုံးဆိုရင် ကိုယ့်မိသားစုသာ နံပါတ်တစ် ဖြစ်နေတတ်ကြပါတယ်။ ဒါဆို သင်ရော? သင့်ရဲ့ ပျော်စရာ၊ ဝမ်းနည်းစရာ၊ စိတ်ညစ်စရာ၊ တိုင်ပင်စရာ အားလုံးကို မိသားစုနဲ့ ဝေမျှဖြစ်ပါသလား။ နွေးထွေးနီးစပ်တဲ့ မိသားစုဘဝကို တည်ဆောက်ဖို့က တစ်ကိုယ်နဲ့တစ်ကိုယ်ကြား လျှို့ဝှက်ချက်ဆိုတာမျိုး မထားရဘဲ အေးအတူပူအမျှ ဖြစ်နေသင့်ပါတယ်။

မိသားစုဝင်အချင်းချင်း၊ ဇနီးမောင်နှံအချင်းချင်း ဆက်ဆံရေး ကောင်းပြီး နွေးထွေးပျော်ရွှင်ချင်ကြရင် ၅ ချိုး ၁ ချိုး နိယာမကို သိထားဖို့လိုပါတယ်။ ဥပမာ – ကိုယ်နဲ့ သူ့ကြားမှာ ကတောက်ကဆ ဖြစ်စရာ တစ်ခုရှိမယ်ဆိုရင် နှစ်ဦးကြား ချစ်ခင်မြတ်နိုးစရာ ပျော်စရာ အကြောင်းအရာက ၅ ခု ရှိနေသင့်ပါတယ်။ တစ်ဦးနဲ့ တစ်ဦးကြား စိတ်မကြည်စရာတွေ စုမထားဘဲ ပျော်စရာတွေ စုထားမယ်ဆိုရင် မိသားစုဘဝက သိပ်ကို ပျော်ဖို့ ကောင်းပါတယ်။
(၄) စိတ်လှုပ်ရှား စွန့်စားမှုတွေ
နေ့စဉ်ဘဝကို ပုံစံတူ ထပ်နေအောင် ဖြတ်သန်းမယ့်အစား အသစ်အဆန်းလေးတွေ၊ စိတ်လှုပ်ရှားစရာလေးတွေကို အတူတူလုပ်ကြည့်ပါ။ ခရီးထွက်တာ၊ မလုပ်ဖူးတဲ့ activity တွေ အတူတူလုပ်ကြည့်တာ၊ တစ်ယောက်အခက်အခဲကို တစ်ယောက် ကူညီဖြေရှင်းပေးတာမျိုးတွေက နေ့စဉ်လုပ်နေကျတွေထဲက ခွဲထွက်ပြီး စိတ်လှုပ်ရှားမှုတွေကို ရှာဖွေခြင်းပါပဲ။ မိသားစုကြား နွေးထွေးခိုင်မာတဲ့ ဆက်ဆံရေးနဲ့ သံယောဇဉ်တည်ဆောက်ဖို့ဆို လုပ်ကိုလုပ်ရမယ့် အရာပါ။