မိန်းကလေးတွေရဲ့ အလှပအပဟာ ရုပ်ရည်ကလေးတစ်ခုတည်းနဲ့ မပြည့်စုံပါဘူး။ ရှိုက်ဖိုကြီးငယ် အသွယ်သွယ်-ဆိုတာ
လိုပဲ ဖုသင့်တဲ့နေရာ ဖု၊ ဖောင်းသင့်တဲ့ နေရာ ဖောင်းရပါတယ်။ အခု ဖော်ပြမှာကတော့ အမျိုးသမီးတို့ ဘဝမှာ အရေးပါ
လှတဲ့ တင်ပါးအလှအကြောင်းပါ။ ဒီတော့ ပုရိသတို့ မျက်လုံးထဲမှာ စွဲမြဲစေဖို့ တင်ပါးသေးငယ်လှတဲ့ အမျိုးသမီးတွေအ
အတွက် တင်ပါးကြီးအောင်လုပ်နည်း (၃)မျိုးကို ဖော်ပြပေးလိုက်ပါတယ်။
(၁) ခန္ဓာကိုယ်လေ့ကျင့်ခန်းများ

(က) လမ်းလျှောက်ပုံကို ပြောင်းလဲပါ- လမ်းလျှောက်တဲ့အခါ ပုခုံးသားတွေကို နောက်ကို အနည်းငယ်ကော့ပါ၊ ရင်ကို
လည်း မသိမသာ ကော့ပါ။ ဒီနည်းဟာ တင်ပါးကြွက်သားတွေကို အားကောင်းစေတဲ့ နည်းဖြစ်ပါတယ်။ လမ်းလျှောက်
တဲ့အခါမှာ လှမ်းတဲ့ခြေထောက်နဲ့ ကျန်တဲ့ခြေထောက်ဟာ ဖြစ်နိုင်သမျှ မျဉ်းတစ်ကြောင်းတည်း ညီပါစေ။ မော်ဒယ်တွေ
Cat-walk လျှောက်တဲ့ပုံစံပါဘဲ။
(ခ) တင်ပါးကြွက်သားအတွက် လေ့ကျင့်ပါ- တင်ပါးကြွက်သားတွေအတွက် အကောင်းဆုံးနည်းကတော့ စောင့်ကြောင့်
ထိုင်ခြင်း၊ ရှေ့သို့ ခြေကို ဆက်ကနဲလှမ်းပြီး နောက်ခြေထောက်ကို ကွေးညွှတ်ခြင်း၊ ခြေထောက်နောက်ပြန် ကန်ခြင်း
(သို့) နောက်ကို လွှဲခြင်း-တို့ ဖြစ်ပါတယ်။
(ဂ) လူကို ပတ်လက်အနေအထားနဲ့ ခြေထောက်တွေကို အဖြောင့်အနေအထားအတိုင်း မတင်ခြင်းလုပ်ပါ။
(ဃ) ရေကူးခြင်း၊ ဂျွမ်းဘားကစားခြင်း၊ ဘောလီဘောကစားခြင်း၊ မနှေးမမြန်ပြေးခြင်း-တို့ဟာလည်း တင်ပါးကြွက်သား
တွေအတွက် ကောင်းပါတယ်။
(င) ဝိတ်ချပါ- ဝိတ်မချဘူးဆိုရင် တင်ပါးကို အဆီပိုတွေ စုသွားပါတယ်။ ဒီတော့ အစားအစာ ရှောင်ခြင်းထက်၊ အားကစားပုံမှန်လုပ်ရင် ခန္ဓာကိုယ်အလေးချိန်ကို ထိန်းပေးနိုင်ပါတယ်။
(၂) အဝတ်အစားကို ပြောင်းလဲပါ

(က) အဝတ်အစားဝတ်တဲ့အခါ- ဘောင်းဘီဆိုရင်လည်း တင်ပါးကြွက်သားကို ကျစ်လစ်စေတဲ့၊ ပင်တင်ပေးနိုင်တဲ့ ဘောင်းဘီကို ဝတ်ပါ၊ နောက်မှာ အိတ်ကပ်နှစ်ခုပါတဲ့ ဘောင်းဘီမျိုးကို ရွေးချယ်ဝတ်ဆင်ပါ။ ဒါဟာ တင်ပါးကို ရှိတဲ့အရွယ်အစားထက် ပိုကြီးတယ်လို့ ထင်ရစေပါတယ်။ ဒါ့အပြင် ခါးသိမ်စေတဲ့ ဘောင်းဘီမျိုးလည်း ဝတ်ဆင်သင့်ပါတယ်။
ဒါကတော့ခါးအလှကိုပါ ထိန်းပေးပြီးသားဖြစ်ပြီး တင်ပါးရဲ့အလှကိုလည်း ပိုမိုပေါ်လွင်စေပါတယ်။
(ခ) ခါးအလှကို ဂရုစိုက်ပါ- ခါးတုတ်တဲ့ အမျိုးသမီးတွေဆိုလည်း ခါးသိမ်စေမယ့် ခါးသိမ်တယ်လို့ ယူစရစေနိုင်တဲ့ အဝတ်
အစားမျိုးကို များများ ဝတ်ပါ။ ဥပမာ- ကြိုးစည်းဂါဝန်-လိုဟာမျိုးတွေဟာ သင့်တော်ပါတယ်။
(ဂ) ဒေါက်မြင့်ဖိနပ် ဝတ်ဆင်ပါ- ဒေါက်မြင့်ဖိနပ် ဝတ်ဆင်လိုက်တဲ့အခါ ခြေထောက်ကို ထောက်ထားသလို ဖြစ်တာ
ကြောင့် တင်ပါးကြွက်သားတွေကို ပိုလှစေပါတယ်။