Shwemom ရဲ့ ပရိသတ်ထဲမှာ ရေခြားမြေခြား ရောက်နေတဲ့ သူငယ်ချင်းတွေရှိမယ်ထင်ပါတယ်။ ဒါမှမဟုတ် သင့်မှာ ရေခြားမြေခြားကို ရောက်နေတဲ့ သူငယ်ချင်း ချစ်သူ ရှိတယ်ဆိုရင် အောက်မှာဖော်ပြထားတဲ့ အချက်တွေ ခံစားရလား မေးကြည့်လိုက်ပါ။ သူ Yes လို့ မလွဲမသွေ ဖြေပါလိမ့်မယ်။ ကဲ … ကိုယ့်ရဲ့ အဝေးတစ်မြေရောက် သူငယ်ချင်း၊ ချစ်သူ၊ မိဘညီအစ်ကို မောင်နှတွေကို Mention ခေါ်လိုက်ရအောင်ဗျာ။
(၁) အားလပ်ရက်ဆို လွမ်းပြီ
အဝေးတစ်မြေရောက်နေသူတွေဟာ အားလပ်ရပ်ဆိုရင် ဒီမှာ ကျန်နေတဲ့သူတွေက မရောက်ဖူးတဲ့နေရာတွေ လျှောက်သွားနေမယ်၊ မစားဖူးတာတွေ စားနေလိမ့်မယ်လို့ ထင်ကြပါတယ်။ တကယ်တော့ အဲဒီလိုမဟုတ်ပါဘူး။ အင်းပေါ့ ရောက်ကာစကတော့ အဲဒီလို ဟုတ်ချင်ဟုတ်မှာပါ။ များသောအားဖြင့်တော့ အားလကပ်ရက်ဆိုရင် အိမ်ကိုလွမ်းတယ်၊ ချစ်သူကို လွမ်းတယ်၊ သူငယ်ချင်းတွေကို လွမ်းနေမယ်ဆိုတာ သေချာပါတယ်။ ကျန်တဲ့ရက်ကတော့ ကိုယ့်တာဝန် ကိုယ်ကျေဖို့
ကြိုးစားရင်း လွမ်းစိတ်ကို ဖျောက်ထားရတာပေါ့။
(၂) ကိုယ့်ရိုးရာအစားအစာလေးကို တမ်းတ

အညာကနေ ရေခြားမြေခြားကို ရောက်သွားတဲ့သူကလည်း အညာရိုးရာ စားစရာလေး လွမ်းမယ်၊ ရှမ်းပြည်ကနေ ရေခြားမြေခြား ရောက်သွားသူကလည်း ရှမ်းရိုးရာစားစရာလေးကို လွမ်းမယ်၊ နောက်ဆုံး ငပိကြော်၊ ချဉ်ပေါင်ကြော်၊ လက်ဖက်သုတ်ကလေးကအစ တမ်းတပြီး ကိုယ်ခံတွင်းမတွေ့တဲ့ အစားအစာကို ကြိတ်မှိတ်မျိုချရတာ နိုင်ငံရပ်ခြား ရောက်နေသူတို့ ဒုက္ခပါ။
(၃) ငွေရှာရင်း ဘဝတွေပျောက်သွားသူ
နိုင်ငံရပ်ခြားကို ရောက်တာ အားယားနေလို့ သွားတာ မဟုတ်ပါဘူး။ ငွေရှာမယ်၊ ပညာသင်မယ် ဒီအကြောင်းပြချက် နှစ်ခုပဲ ရှိပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ကိုယ်နေပျော်တဲ့ ဘဝနေထိုင်မှုပုံစံတွေ ပျောက်ရှသွားပြီး ငွေကြေးနဲ့ဝယ်ူလို့မရတဲ့ ပုဂ္ဂိုလ်ရေး ခံစားချက်တွေကို မေ့ထားလိုက်ရပါတယ်။
(၄) အိပ်ပြန်ချင်တဲ့ စိတ်ကလေးတားမရဘူး

ဘယ်လိုအချိန်မျိုး အိမ်ပြန်ချင်သလဲ … ? ။ အနီးစပ်ဆုံးပြောရရင် သြင်္ကန်ပွဲတော်လို အခါမျိုးမှာ အိမ်ကို သိပ်ပြန်ချင်တယ်။ ဒါပေမယ့် ဖြစ်နိုင်ရင် အိမ်ပြန်ချင်စိတ်ကတော့ အမြဲတမ်းပါဘဲ။ အဲဒီလို တိုက်ဆိုက်တဲ့အခါမျိုးဆို သိပ်ပြန်ချင်ကြတယ်။ မြန်မာနိုင်ငံဆိုတာကလည်း 12 ရာသီ ပွဲတွေက မပြတ်တော့ အိမ်ပြန်ချင်စိတ်ဟာ တစ်လကို တစ်ခါတော့ အနည်းဆုံး ဖြစ်ကြပါလိမ့်မယ်။
(၅) အဆင်မပြေတာချင်းတော့ အတူတူပါ
အချို့က နိုင်ငံခြားရောက်နေပြီဆိုရင် အစစ အဆင်ပြေမယ်၊ အနေအထိုင်၊ အစားအသောက်ကိစ္စမှာလည်း အများကြီးသာမယ်လို့ ထင်နေကြပါတယ်။ မထင်ပါနဲ့။ မထူးပါဘူး။ အဲဒီမှာ အဆင်မပြေတဲ့ပုံစံနဲ့ ဒီမှာ အဆင်မပြေတဲ့ပုံစံဟာ ထပ်တူပါဘဲ။ အိမ်လွမ်းတာ၊ မိတ်ဆွေသူငယ်ချင်းတွေကို လွမ်းတာ၊ ချစ်သူကို လွမ်းတာတောင် အပိုပါသေး။
နတ်စည်တော် (Shwemom)